ဂျာမနီနိုင်ငံရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တပ်နီတော် သင်းကွဲအုပ်စု (RAF) စစ်သွေးကြွအဖွဲ့မှာ ပါဝင်ပတ်သက်နေလို့ အလိုရှိနေတဲ့ လူနှစ်ယောက်ကို မတ်လ ၃ ရက်မှာ ရှာဖွေပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
စစ်သွေးကြွ RAF အဖွဲ့ရဲ့ တတိယမျိုးဆက် အဖွဲ့ဝင်တွေဖြစ်တဲ့ အန်းန်ဗော့လ်ခါ ရှတောက်ဘ်နဲ့ ဗိုးခက်ဒ် ဂါဝေ့ချ်တို့ကို အရာရှိ အယောက် ၁၃၀ လောက်က မြေပြင်မှာ ရှာနေတယ်လို့ ဘာလင်ရဲတပ်ဖွဲ့က ပြောပါတယ်။
သူတို့ဟာ ကွင်းဆက်လုယက်မှုတွေနဲ့ လူသတ်ဖို့ တခါထက်မနည်း ကြိုးစားရာမှာ ပါတယ်လို့ သံသယရှိတဲ့အတွက် ရဲက အလိုရှိနေတာပါ။
တတိယမျိုးဆက်အဖွဲ့ဝင် ဒယ်နီယယ်လာ ကလပ်ထာဟာ ဆယ်စုနှစ်သုံးစုကြာ ထွက်ပြေးပြီးတဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းမိရေး ကြိုးပမ်းနေတဲ့ ဂျာမနီနိုင်ငံ ဆက်ခ်စ်ဇွန်နီ အနိမ့်ပိုင်းပြည်နယ်က ရဲပြောရေးဆိုခွင့်ရှိသူက လူနှစ်ဦးကို ဖမ်းထားပြီလို့ အစောပိုင်းမှာ ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာ မတွေ့သေးဘူးလို့ ပြောခဲ့ပါတယ်။
စစ်မေးဖို့ ခဏထိန်းသိမ်းခံထားရသူ အများအပြား လွတ်လာပြီလို့လည်း ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။
Source/Photo-Reuters