Home
နိုင်ငံတကာ
ဟူသီတို့၏ ပစ်ခတ်မှုခံခဲ့ရသော ယူကေ ဓာတ်မြေဩဇာတင် သင်္ဘောကြီး နစ်မြုပ်
DVB
·
March 3, 2024
Ship Sunk Houthis_03032024

အေဒင်ပင်လယ်ကွေ့မှာ ဟူသီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုခံခဲ့ရတဲ့ ယူကေမှာ မှတ်ပုံတင်ထားတဲ့ ဓာတ်မြေဩဇာတင် သင်္ဘောကြီးဟာ ၂ ပတ်အကြာမှာ လုံးဝနစ်မြုပ်သွားခဲ့ပြီလို့ ဘီဘီစီသတင်းဌာနက မတ် ၃ ရက်နေ့မှာ ဖော်ပြပါတယ်။ 

ရူဘီမာ လို့ အမည်ပေးထားတဲ့ သင်္ဘောကြီးဟာ မနစ်မြုပ်ခင်မှာ မျောနေခဲ့ပြီး တဖြည်းဖြည်းနဲ့ ရေဝင်နစ်မြုပ်သွားတာလို့ ယီမင်အစိုးရက ပြောပါတယ်။ 

အီရန် ကျောထောက်ခံပြု ဟူသီသူပုန်တွေက ပင်လယ်နီမှာ ဖြတ်သန်းတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုစတင်ခဲ့ပြီးနောက်ပိုင်း ဟူသီလက်ချက်ကြောင့် ပထမဆုံး နစ်မြုပ်တဲ့သင်္ဘော ဖြစ်ပါတယ်။

ဒီသင်္ဘောဟာ အမိုနီယမ်နိုက်ထရိတ် ဓာတ်မြေဩဇာတွေသယ်လာတာ ဖြစ်တဲ့အတွက်ကြောင့် မြုပ်သွားတာဟာ သဘာဝပတ်ဝန်းကျင်ဘေးဆိုးကြီး ဖြစ်စေနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ 

ရူဘီမာသင်္ဘောဟာ ဘာ့ဘ်အယ်လ်မန်ဒက်ဘ် ရေလက်ကြားနားက အေဒင်ပင်လယ်ကွေ့မှာ ရှိနေတဲ့အချိန် ဟူသီတွေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည် ၂ စင်း ထိမှန်ခဲ့တာ ဖြစ်ပါတယ်။  

လွန်ခဲ့တဲ့ ၁၀ ရက်လောက်က သင်္ဘောထဲ ရေဝင်နေပြီလို့ ဗြိတိန်အစိုးရက ထုတ်ပြန်ခဲ့ပြီး သင်္ဘောသား ၂၄ ဦးကို ကယ်ဆယ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ သင်္ဘောထဲ ရေဝင်နေပေမဲ့ တဝက်လောက်ပဲ မြုပ်သေးတာ ဖြစ်ပါတယ်။

Source/Photo-REUTERS/Mehmet Emin Calsikan

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013