Home
နိုင်ငံတကာ
ဂါဇာ ဒေသခံများအတွက် စားနပ်ရိက္ခာများ အမေရိကန်က လေကြောင်းဖြင့် ကြဲချ
DVB
·
March 3, 2024
US Makes Gaza Aid Airdrop_03032024

ဂါဇာကမ်းမြောင်ဒေသခံတွေအတွက် မတ် ၂ ရက်နေ့မှာ အမေရိကန်က စားနပ်ရိက္ခာအကူအညီတွေကို လေကြောင်းကနေ ပထမဆုံးအကြိမ် ကြဲချပေးခဲ့ပြီး ဆက်တိုက်ကူညီပေးသွားဖို့ရှိတယ်လို့လည်း ထုတ်ပြန်ပါတယ်။ 

ဂါဇာမှာ လူ ၅ သိန်းကျော်လောက် အငတ်ဘေးဆိုက်တော့မယ်လို့ ကုလသမဂ္ဂက သတိပေးထားချိန်မှာ အမေရိကန် C-130 စစ်လေယာဉ် ၃ စင်းက အသင့်စား စားစရာ အယောက် ၃၈,၀၀၀ စာ ပါတဲ့ ရိက္ခာထုတ်တွေ ကြဲချခဲ့တာဖြစ်ပြီး ဂျော်ဒန်တပ်ဖွဲ့တွေလည်း ပါဝင်ကူညီခဲ့တယ်လို့ဆိုပါတယ်။ 

အစ္စရေးကလည်း အမေရိကန်ရဲ့လုပ်ရပ်ကို ကြိုဆိုသလို သူတို့နဲ့ ဆွေးနွေးပြီးမှ ပူးပေါင်းဆောင်ရွက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

သီတင်းပတ် ၆ ပတ် အပစ်အခတ် ရပ်စဲဖို့ကတော့ အစ္စရေးဘက်က သဘောတူထားပြီးဖြစ်ပေမဲ့ ဓားစာခံတွေ လွှတ်ပေးဖို့ ဟားမတ်စ်ဘက်က သဘောတူ၊ မတူ ဆိုတဲ့အပေါ် မူတည်တယ်လို့ အမေရိကန်ဘက်က ထုတ်ပြန်ပါတယ်။ 

အမေရိကန် ဒုတိယသမ္မတ ကမ်မလာဟားရစ်ဟာ အစ္စရေး စစ်ကာလအစိုးရအဖွဲ့ဝင် ဌာနလက်ကိုင်မရှိ ဝန်ကြီး ဘင်နီဂန့်ဇ်နဲ့ အိမ်ဖြူတော်မှာ မတ် ၄ ရက်နေ့ကျရင် တွေ့ဆုံမှာ ဖြစ်ပါတယ်။

Source/Photo-REUTERS/Kosay Al Nemer

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013