Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင် ရေခဲတောင်တက်သူ နည်းသွားသဖြင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအချို့ ရပ်နား
DVB
·
March 3, 2024
Ice Mountain Hiking Kachin_03032024

ကချင်ပြည်နယ် မြောက်ဖျားပိုင်းမှာရှိတဲ့ ရေခဲတောင်တွေကို နိုင်ငံရေးအခြေအနေနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့်  ၂၀၂၄ ခုနှစ် ရေခဲတောင်တက်ရာသီမှာ  တက်ရောက်သူ နည်းပါးသွားတာကြောင့် ရေခဲတောင်တက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအချို့ ရပ်နားထားခဲ့ရတယ်လို့  ဒေသခံတွေဆီ သိရပါတယ်။

“၂၀၂၂ -၂၀၂၃  ခုနှစ် ရေခဲတောင်တက် ရာသီမှာတော့ ရေခဲတောင်တက်တဲ့သူ အတော်လာတယ်။ ခရီးသွားဝန်ဆောင်မှုပေးတဲ့ အဖွဲ့တွေလည်း အဆင်ပြေတယ်။ ဒီနှစ်ကတော့ ရေခဲတောင်တက်တဲ့သူ အတော်နည်းသွားတယ်။ ခရီးသွားဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အချို့လည်း ဒီနှစ် ရေခဲတောင်တက် ရာသီမှာ ရပ်နားသွားတာတွေရှိတယ်” လို့ ရေခဲတောင်တက် ခရီးသွားဝန်ဆောင်မှုပေးနေသူတဦးက ပြောပါတယ်။

၂၀၂၄ ခုနှစ် ရေခဲတောင်တက် ခရီးသွားရာသီအတွင်း ရေခဲတောင်တက် ရောက်သူ နည်းပါးသွားတာဟာ  နိုင်ငံရေး မတည်ငြိမ်တာ၊ နယ်မြေ မငြိမ်းချမ်းတာနဲ့ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ များတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ - ၂၀၂၃ ရေခဲတောင်တက် ခရီးသွားရာသီမှာ ခရီးသွားဝန်ဆောင်မှု ပေးခဲ့တဲ့ အဖွဲ့ ၅ ဖွဲ့ ထက်မနည်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ ရေခဲတောင်တက် ရောက်သူ နည်းပါးတဲ့အတွက် ဝန်ဆောင်မှုပေးတဲ့ အဖွဲ့ ၃ ဖွဲ့ထက်မနည်း ရပ်နားထားခဲ့ရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013