Home
နိုင်ငံတကာ
ကာလီဖိုးနီးယားပြည်နယ်၊ စန်ဒီယေဂိုမြို့တွင် အိုးမဲ့အိမ်မဲ့နေရာများကို ဖယ်ရှားရှင်းလင်း 
DVB
·
March 3, 2024
Homeless crackdown gains momentum in California as US Supreme Court test looms

အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ စန်ဒီယေဂိုမြို့မှာ အိုးမဲ့အိမ်မဲ့တွေ စခန်းချခဲ့တဲ့နေရာကို  ၇ လကြာ ဖြိုခွင်းမှုအပြီး  တချိန်က မြို့လယ်ကောင်မှာ တန်းစီထားတဲ့ တဲတွေ အများအပြား မရှိတော့ပါဘူး။

ကယ်လီဖိုးနီးယားပြည်နယ်က ရီပတ်ဘလစ်ကန်နဲ့  ဒီမိုကရက်တစ်ပါတီဝင်  အထက်လွှတ်တော်အမတ် နှစ်ယောက်ဟာ ရဲတပ်ဖွဲ့ဝင်တွေက အမိုးအကာမရှိတဲ့ အိုးမဲ့အိမ်မဲ့များစွာကို ဖယ်ရှားပေးနိုင်တဲ့ စန်ဒီယေဂိုမြို့အစိုးရရဲ့ ညွှန်ကြားချက်တရပ်ကို ပြည်နယ်တဝန်းမှာ အဆိုပြုဖို့ တွန်းအားပေးခဲ့ကြပါတယ်။

ဒါပေမဲ့ အိမ်ရာမဲ့လူတွေအတွက် စည်းရုံးလှုံ့ဆော်ရေး မဟာဗျူဟာက အိမ်ရာမဲ့တွေကို မြစ်ကမ်းပါးတွေနဲ့ တခြားမမြင်နိုင်တဲ့ နေရာတွေဆီ တွန်းပို့လိုက်ရုံသာ ဖြစ်နေပြီး အမိုးအကာနဲ့ ကုတင် အရေအတွက်ကလည်း လိုအပ်ချက်ကို မပြည့်မီသေးဘူးလို့ အိမ်ရာမဲ့တွေအတွက် ဗဟိုတရားရုံး ရှေ့နေက ပြောပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်က မဲဆန္ဒရှင်တွေအတွက် အရေးကြီးဆုံး ပြဿနာနှစ်ခုအဖြစ် အိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့ တတ်နိုင်တဲ့ အိမ်ရာတွေကို စစ်တမ်းတွေက ပြနေလို့ ဒီ စကားစစ်ထိုးပွဲဟာ အရေးပေါ်ဖြစ်မှု တိုးလာတာကို ထင်ဟပ်နေပါတယ်။

ဒီပြည်နယ်မှာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကစပြီး အိမ်ရာမဲ့နဲ့ အိုးအိမ်မဲ့အစီအစဉ်တွေအတွက် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံကျော် သုံးခဲ့ပေမယ့် အိုးမဲ့အိမ်မဲ့ဦးရေ ၁၈၀၀၀၀ ကျော် ရှိနေဆဲပါ။

စန်ဒီယေဂိုမြို့လယ်ကောင်မှာ အိုးမဲ့အိမ်မဲ့တွေ စုဝေးနေကြဆဲဖြစ်ပြီး သူတို့ပိုင်ဆိုင်သမျှကို ဈေးဝယ်လှည်းတွေပေါ် တင်ထားရင်း ဒါမှမဟုတ် အိတ်ခွံတွေပေါ် ထိုင်နေရင်း အမိုးအကာ၊ အစားအသောက်၊ အဝတ်အစား၊ စိတ်ကျန်းမာရေးနဲ့ မူးယစ်ဆေးစွဲမှု ကုသရေးလို မြို့ရဲ့ ဝန်ဆောင်မှုတွေကို စောင့်မျှော်နေကြဆဲပါ။

မနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ မြို့ပေါ်မှာ အိုးမဲ့အိမ်မဲ့ အယောက် ၆၅၀၀ လောက် ရှိနေပါတယ်။

သူတို့ထဲက ထက်ဝက်လောက်က ခိုလှုံရာ ရသွားကြပေမဲ့ လမ်းပေါ်မှာတော့ အိုးအိမ်မဲ့အယောက် ၃,၂၈၅ ယောက် ကျန်နေသေးတယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံ ထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013