ယူကရိန်းအတွက် လက်နက်တွေအကြောင်း ပြောဆိုနေတဲ့ အဆင့်မြင့် ဂျာမန် စစ်ဘက်အရာရှိတွေရဲ့ အွန်လိုင်း ဆွေးနွေး ပွဲတခုလို့ ယူဆရပြီး ရုရှားမီဒီယာမှာ ဖြန့်ချိလိုက်တဲ့ အသံမှတ်တမ်းကို ဂျာမနီ အစိုးရက စုံစမ်းစစ်ဆေးနေပါတယ်။
ဂျာမနီနိုင်ငံထဲမှာ သူလျှိုလုပ်မှာကို စိုးရိမ်လို့ ဒီရုပ်သံမှတ်တမ်းကိစ္စနဲ့ ပတ်သက်လို့ ရုရှားက ရှင်းလင်းချက်ပေးဖို့ တောင်းဆိုထားပါတယ်။
ဂျာမန်အဓိပတိ အောလော့ဖ် ရွှိုက်ဇ်က အီတလီနိုင်ငံ ရောမမြို့ဆီ အလည်အပတ် ရောက်ချိန်မှာ ဒီပေါက်ကြားမှုဖြစ်နိုင်ခြေက အလွန်ဆိုးရွားတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အသံမှတ်တမ်းရဲ့ စစ်မှန်မှုကို အတည်မပြုနိုင်သေးဘူးလို့ ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။
Source/Photo-Reuters