စင်ကာပူနိုင်ငံဟာ အိုဟောင်းနေပြီဖြစ်တဲ့ F-16 တိုက်လေယာဉ်တွေနေရာ တဖြည်းဖြည်းချင်း အစားထိုးဖို့ F-35 တိုက်လေယာဉ် ၈ စင်း ထပ်ဝယ်မှာဖြစ်ပြီး ဒေသတွင်းခြိမ်းခြောက်မှုတွေ မြင့်တက်လာချိန်မှာ စင်ကာပူလေတပ်ကို အဆင့်မြင့်တန်းမှာ ရှိနေစေဖို့ ရည်ရွယ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
လော့ခ်ဟိခ်မာတင်ကော်ပိုရေးရှင်းက နေ F-13 B ၁၂ စီးဝယ်ထားပြီးတဲ့အချိန်မှာ ပိုကြီးပြီး ပိုဝေးဝေးပျံနိုင်တဲ့ F-35A ၈ စင်း ထပ်ဝယ်မှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး အန်ဂ် အန်း ဟန် က ပြောပါတယ်။
F-35B ပထမဆုံးအသုတ်ဟာ ၂၀၂၆ မှာ ရောက်ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဘီမော်ဒယ်က ဒေါင်လိုက်အတက်အဆင်းလုပ်နိုင်တဲ့အတွက် သင်္ဘောတွေနဲ့ ပုံမှန်ပြေးလမ်း မရှိတဲ့ နေရာတွေအတွက် အသုံးတဲ့ပါတယ်။
တဖက်မှာတော့ အေမော်ဒယ်က ပိုခံနိုင်ရည်ရှိပြီး ဝန်တင်အားလည်းပိုများတယ်လို့ ဝန်ကြီးရဲ့ လွှတ်တော်ကို တင်ပြချက်မှာပါရှိပါတယ်။
Source/Photo - Reuters