ကနေဒါနိုင်ငံကို ၁၉၈၄ ကနေ ၁၉၉၃ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဘရိုင်ယန်မာလ်ရိုးနီးဟာ အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ကနေဒါသမိုင်းမှာ ၁၈ ဦးမြောက် ဝန်ကြီးချုပ်နဲ့ ကွန်ဆာဗေးတစ်ခေါင်းဆောင် ဖြစ်တဲ့ မာလ်ရိုးနီးဟာ “ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မိသားစုတွေဝန်းရံရင်း” ကွယ်လွန်သွားခဲ့တယ်လို့ သမီးဖြစ်သူက ဖေဖော်ဝါရီ ၂၉ ရက်မှာ အွန်လိုင်းက ထုတ်ပြန်ပါတယ်။
ကွေဘက် အရှေ့မြောက်ပိုင်းက စက္ကုစက်ရုံမြို့လေးမှာ မွေးဖွားခဲ့တဲ့ မာလ်ရိုးနီးဟာ ရှေ့နေအဖြစ် အသက်မွေးခဲ့ပြီးနောက်ပိုင်း စီးပွားရေးဘက်ကူးခဲ့သူ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ တိုးတက်သော ကွန်ဆာဗေးတစ်ပါတီရဲ့ ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
၁၉၈၄ ခုနှစ်ကနေ ၁၉၉၃ အထိ ဝန်ကြီးချုပ်တာဝန်ယူခဲ့ပြီး အထင်ရှားဆုံး အောင်မြင်မှုကတော့ မြောက်အတ္တလန္တိတ် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် (နက်ဖ်တာ) ကို အမေရိကန်သမ္မတ ရော်နယ်ရေဂင်နဲ့ လက်မှတ်ထိုးနိုင်ခဲ့မှု ဖြစ်ပါတယ်။
Source/Photo-Reuters