Home
မြန်မာသတင်း
တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား  ၃၆၈ ဦးကို ပြန်လွှဲပေး
DVB
·
March 1, 2024
crime 132024

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တရားမဝင်လောင်းကစား အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်ခဲ့တဲ့ တရုတ်နိုင်ငံသား  ၃၆၈ ယောက်ကို  ဒုတိယအသုတ်အဖြစ် မတ်လ ၁ ရက် မွန်းလွဲပိုင်းမှာ မြန်မာဘက်က ထိုင်းနိုင်ငံကနေတဆင့် တရုတ်အာဏာပိုင်တွေထံ ပြန်လည် ပြည်နှင် လွှဲပြောင်းအပ်နှံ လိုက်ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေး တံတားအမှတ် ၂ ကနေ မြန်မာလဝကတာဝန်ရှိသူတွေက တရုတ်နိုင်ငံသားတွေကို တရားဝင်လွှဲပြောင်းပေးအပ်ရာမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်မှာ ထိုင်းလဝကနဲ့ တရုတ်တာဝန်ရှိသူတွေက လွှဲပြောင်းရယူခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက်ကလည်း တရားမဝင်လောင်းကစား အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်ခဲ့တဲ့ တရုတ်နိုင်ငံသား အယောက် ၁၅၀ ကို ပထမအသုတ်အဖြစ် ပြည်နှင် လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

အဆိုပါ လွှဲပြောင်းခံရသူတွေဟာ မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာပြီး မြဝတီမြို့နယ်မှာ အွန်လိုင်းလောင်းကစား ငွေလိမ်လုပ်ငန်းမှာ အလုပ်သမားတွေအဖြစ် လုပ်ကိုင်ခဲ့ကြသူတွေဖြစ်ပေမဲ့ အရေးမယူဘဲ ပြန်ပို့ပေးခဲ့တာဖြစ်ပါတယ်။ 

အဆိုပါ တရုတ်နိုင်ငံသားတွေကို ထိုင်းနိုင်ငံဘက် လွှဲပြောင်းပေးခဲ့ပေမဲ့  ထိုင်းအစိုးရကလည်း အရေးယူခြင်းမရှိဘဲ ဘတ်စ်ကားတွေနဲ့ ခေါ်ဆောင်သွားခဲ့ပြီး မဲဆောက်လေဆိပ်ကနေ တရုတ်လေယာဉ်နဲ့ ဘန်ကောက်လေဆိပ်၊ အဲဒီကနေ တရုတ်နိုင်ငံထိ  ဆက်လက်ပို့ဆောင်မှာ ဖြစ်ပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်းမှာလုပ်ကိုင်သူ ထိုင်းလူမျိုး ၉၂ ဦးအပါအဝင်  နိုင်ငံခြားသား ၉၉၇ ဦးကို မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်  BGF  တပ်က ထိန်းထိမ်းသိမ်းထားကာ ဖေဖော်ဝါရီ ၂၉ ရက်ကနေ မတ်လ ၅ ရက်နေ့အထိ အသုတ်လိုက်ခွဲပြီး သက်ဆိုင်ရာနိုင်ငံတွေဆီ ပြည်နှင် လွှဲပြောင်းပေးနေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013