Home
မြန်မာသတင်း
တိရစ္ဆာန်ဥယျာဥ် ၃ ခုနှင့် နက္ခတ်တာရာပြခန်းတို့ကို ပုဂ္ဂလိကထံ နှစ်ရှည်ငှားမည်
DVB
·
March 1, 2024
zoo 132024

ရန်ကုန်တိရစ္ဆာန်ဥယျာဥ်၊ ဆာဖာရီဥယျာဉ်၊ ရတနာပုံဥယျာဥ်နဲ့ နက္ခတ်တာရာ ပြခန်းတို့ကို စစ်ကောင်စီက  ၁၀ နှစ်စာနှစ်ချုပ်နဲ့ ပုဂ္ဂလိကကို ငှားရမ်းမယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရန်ကုန်တိရစ္ဆာန်ဥယျာဥ်၊ နေပြည်တော် ဆာဖာရီဥယျာဥ်၊ မန္တလေး ရတနာပုံဥယျာဥ်နဲ့ နေပြည်တော် နက္ခတ်တာရာပြခန်းတို့ကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ စတင်ငှားရမ်းသွားမှာဖြစ်တယ်လို့ သစ်တောနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မတ်လထဲမှာ တင်ဒါခေါ်မှာ၊ တင်ဒါအောင်တဲ့သူကို ၁၀ နှစ်စာ နှစ်ရှည်ငှားမှာ၊ ကုမ္ပဏီတွေအနေနဲ့ သစ်တောဦးစီးဌာနမှာ လာစုံစမ်းလို့ရတယ်။”

တင်ဒါလျှောက်ချင်တဲ့ ကုမ္ပဏီတွေအနေနဲ့ နေပြည်တော်ရှိ သစ်တောဦးစီဌာန တိရစ္ဆာန်ဥယျာဉ်များဌာန ရုံးအမှတ် ၃၉ မှာ မတ်လ ၃ ရက် နောက်ဆုံးထားပြီး လျှောက်ထားရမယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိတဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဥ်ကို ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်က စတင်ကာ ထူးကုမ္ပဏီကို ငှားရမ်းထားတာ ဖြစ်ပါတယ်။

မန္တလေးရှိ တိရစ္ဆာန်ဥယျာဥ်(ရတနာပုံ) ကို စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၁၉၈၉ ခုနှစ်က တည်ထောင်ခဲ့တာပါ။

ဒါ့အပြင် ၂၀၀၇ ခုနှစ်မှာ တိရစ္ဆာန်ဥယျာဥ်(နေပြည်တော်) ကို ထပ်မံတည်ဆောက်ပြီး ၂၀၀၈ ခုနှစ် ဧပြီ ၁ ရက်မှာ ဖွင့်လှစ်ခဲ့သလို ၂၀၀၉ ခုနှစ် မတ်လ ၂၆ ရက်မှာ နက္ခတ်တာရာပြခန်း(နေပြည်တော်) ကို ဖွင့်လှစ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013