ရုရှားတက်ကြွလှုပ်ရှားသူ အိုလဂ်ဩလာ့ဗ်ကို ရုရှားအစိုးရက ထောင်ဒဏ်ချမှတ်လို့ တုန်လှုပ်သွားခဲ့တယ်လို့ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ရေးကော်မတီက ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောပါတယ်။
မစ္စတာဩလာ့ဗ်အပေါ် စီရင်ချက်ဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်ပြီး ဒီကနေ့ ရုရှားနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို မလေးစားမှု တိုးလာနေတဲ့ နောက်ထပ် သက်သေတခု ဖြစ်ပါတယ်လို့ ကော်မတီရဲ့ အကြီးအကဲ ယော်ဂန် ဝတ္တနေဖရေးဒ်နက်စ်က ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။
ဩလာ့ဗ်ဟာ ယူကရိန်း စစ်ပွဲကို ဆန့်ကျင်ဆန္ဒပြပြီး ရုရှသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ဖက်ဆစ် ဝါဒဆီကို ဆင်းသက်ဖို့ ဦးတည်လာနေတယ်လို့ စွပ်စွဲခဲ့လို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ဂုဏ်သိက္ခာ ကျဆင်းစေမှုနဲ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။
မစ္စတာဩလာ့ဗ် ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ Memorial"အဖွဲ့ကို နော်ဝေ နိုဘယ်ဆု ချီးမြှင့်ရေးကော်မတီက ၂၀၂၂ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခဲ့ပါတယ်။
Source/Photo-REUTERS/Tatyana Makeyeva