Home
မြန်မာသတင်း
မိုးမိတ်နှင့် မဘိမ်းမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာ
DVB
·
February 29, 2024
martial 2922024

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်နဲ့ မဘိမ်းမြို့နယ်တွေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး (Martial Law)  ကြေညာလိုက်ပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို ဒီမြို့နယ် နှစ်ခုထဲက အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေမှာ စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉ အရ အပ်နှင်းလိုက်တယ်လို့ စစ်ကောင်စီရဲ့ အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မဘိမ်းမြို့က စစ်ကောင်စီတပ်စခန်းတွေကိုတော့ အခုနှစ် ဇန်နဝါရီလတတိယပတ်က ကေအိုင်အေနဲ့ ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့ပါတယ်။

မိုးမိတ်မြို့မှာတော့ အခုနှစ် ဇန်နဝါရီ ၁၈ ရက်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

ဖေဖော်ဝါရီလဆန်းပိုင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ မြို့တွင်းမှ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ အဲဒီ့နောက် စစ်ကောင်စီတပ်တွေ ပြန်လည်ဝင်ရောက်လာပြီး မြို့ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မိုးမိတ်မြို့နယ်အတွင်းမှာတော့ အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က ဖေဖော်ဝါရီ ၂ ရက်အထိ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၇ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013