Home
နိုင်ငံတကာ
အစိုးရကို ရန်ပုံငွေထောက်ပံ့ရန် အရေးကြီးဟု သမ္မတ ဘိုင်ဒင် ပြော
DVB
·
February 28, 2024
Biden says solution needed to fund government, avoid shutdown

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းကို အကူအညီပေးနေချိန်မှာ အမေရိကန်ဟာ အစိုးရကို ငွေကြေးထောက်ပံ့နိုင်ရေး ဖြေရှင်းချက်ရှာဖို့လိုတယ်၊ စီးပွားရေးအရ ထိခိုက်စေတဲ့ အစိုးရလုပ်ငန်းဆောင်တာတွေ ရပ်သွားတာမျိုးကို ရှောင်ဖို့လိုတယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

အမေရိကန် အောက်လွှတ်တော်က ထိပ်တန်းဒီမိုကရက်တွေ၊ ရီပတ်ဘလစ်ကန် ပါတီဝင်တွေနဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ဘဲဥပုံရုံးမှာ တွေ့ဆုံချိန် ဘိုင်ဒင်က ခုလို မှတ်ချက်ပေးခဲ့တာပါ။

“အစိုးရအတွက် ရန်ပုံငွေကို ဘယ်လိုရှာရမလဲဆိုတာ အရေးကြီးတဲ့ပြဿနာ ဖြစ်တဲ့အတွက် အရေးကြီးတဲ့ အဖြေတခု လိုပါတယ်။ ယူကရိန်းမှာလည်း လိုအပ်ချက်က အရေးတကြီး ဖြစ်နေတယ်။ ယူကရိန်းမှာ နေ့စဉ်နဲ့အမျှ အရေးယူဖို့ ပျက်ကွက်နေတဲ့ အကျိုးဆက်တွေက ဆိုးရွားတယ်လို့ ကျနော် ထင်ပါတယ်” လို့ သမ္မတ ဘိုင်ဒင်က ပြောပါတယ်။

ဆက်လက်ပြီး သူက “အစ္စရေးအပိုင်းကို ကိုင်တွယ်ဖို့ လိုအပ်သလို ပါလက်စတိုင်း ဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ ပတ်သက်တာကလည်း အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။ ပြီးတော့ အစ္စရေးအတွက် လေကြောင်းရန် ကာကွယ်ရေးတွေ ထပ်ဖြည့်ဖို့ လိုပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ ခြိမ်းခြောက်မှုတွေကို ကျနော်တို့ ရင်မဆိုင်ရဘူးဆိုတာ သေချာအောင် လုပ်ရပါမယ်။ ဟားမတ်စ်တွေတင်မကဘဲ အီရန်ကပါ အစိုးရရဲ့ ထောက်ပံ့ငွေတွေ အားလုံးကို ဂရုစိုက်ပြီးပြီဆိုတာ သေချာပါတယ်။ အစိုးရကို ငွေကြေးထောက်ပံ့ဖို့က ကွန်ဂရက်ရဲ့ တာဝန်လို့ ထင်ပါတယ်” လို့လည်း ပြောပါတယ်။

အစိုးရ လုပ်ငန်းဆောင်တာတွေ ရပ်သွားရင် စီးပွားရေးကို သိသိသာသာ ပျက်စီးစေလိမ့်မယ်၊ နှစ်ဖက်စလုံးက ဖြေရှင်းချက်တွေ လိုတယ်လို့လည်း သမ္မတ ဘိုင်ဒင်က ပြောခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024