တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မြောက်ကိုရီးယားရဲ့ နျူးကလီးယားလက်နက် ဟန့်တားရေး အာရုံစိုက်ရင်း နှစ်စဉ်လုပ်နေကျ နွေဦးစစ်ရေးလေ့ကျင့်မှုကို လာမယ့်သီတင်းပတ်မှာ စလေ့ကျင့်မယ်လို့ တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောပါတယ်။
မြောက်ကိုရီးယားက ဒုံးကျည်မျိုးစုံနဲ့ တခြားလက်နက်စနစ်တွေကို စမ်းသပ်ပြီး နျူးကလီးယားစွမ်းရည်ကို မြှင့်တင်ရင်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ချုပ်ဆိုခဲ့တဲ့ ကိုရီးယား နှစ်နိုင်ငံကြား စစ်ရေးသဘောတူညီချက်ကို ဖျက်သိမ်းခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ Freedom Shield ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ပထမဆုံးအကြိမ်အဖြစ် မတ် ၄ ရက်ကနေ ၁၄ ရက်အထိ ဆင်နွှဲမှာဖြစ်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ ခက်ခဲပြီး လက်တွေ့ကျမယ်၊ မကြာသေးမီက စစ်ပွဲတွေ၊ ပဋိပက္ခတွေက သင်ခန်းစာတွေကို ရောင်ပြန်ဟပ်ပြီး မြောက်ကိုရီးယားရဲ့ နျူးကလီးယား စစ်ဆင်ရေးကို တန်ပြန်ဖို့ အာရုံစိုက်ထားတယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ဘက်အရာရှိတွေက ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြောက်ကိုရီးယားကတော့ ဒါဟာ နျူးကလီးယား စစ်ပွဲအတွက် အစမ်းလေ့ကျင့်မှုလို့ ခေါ်ရင်း ဒီစစ်ရေးလေ့ကျင့်မှုဟာ တင်းမာမှုကို မီးလောင်ရာ လေပင့်နေတယ်လို့ စွပ်စွဲထားပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကတော့ ဒီစစ်ရေးလေ့ကျင့်မှုဟာ သဘောသဘာဝအရ ကာကွယ်ရေးအတွက်ဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။
Source/Photo-Reuters