Home
နိုင်ငံတကာ
ရုရှားနှင့် ကျူးဘား လုံခြုံရေးပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
DVB
·
February 28, 2024
Top Putin ally meets Cuba's Raul Castro to discuss security cooperation

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ထိပ်တန်းမဟာမိတ်ဖြစ်တဲ့ ရုရှား လုံခြုံရေးကောင်စီ အတွင်းဝန် နီကိုလိုင် ပါထရူးရှက်ဗ်ဟာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးဖို့ ကျူးဘားခေါင်းဆောင်ဟောင်း ရာအူးလ် ကတ်စ်ထရိုနဲ့ တွေ့ခဲ့တယ်လို့ ရုရှားအခြေစိုက် Interfax သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်မှာ ကျူးဘားအစိုးရက မျှဝေထားတဲ့ ဓာတ်ပုံတွေထဲ ပါထရူးရှက်ဗ်က ကျူးဘားခေါင်းဆောင်နဲ့ လက်ဆွဲနှုတ်ဆက်နေပုံ၊ တခြားအရာရှိတွေနဲ့ အစည်းအဝေး လုပ်နေပုံတွေကို ပြသထားပါတယ်။

ပါထရူးရှက်ဗ်ဟာ လက်ရှိ ကျူးဘားသမ္မတ မစ်ဂဲလ် ဒီးယက်ဇ် ကန်နယ်နဲ့လည်း တွေ့ဆုံခဲ့ပြီး ကျူးဘားကျွန်းဆီ ရုရှားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးမှာ အရေးကြီးတဲ့ခြေလှမ်းတွေ လှမ်းခဲ့တယ်လို့ အလေးပေး ပြောဆိုခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲဟာ ၁၉၆၂ ခုနှစ် ကျူးဘား ဒုံးကျည်အကျပ်အတည်းနောက်ပိုင်း ရုရှားနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေးမှာ အဆိုးရွားဆုံး အကျပ်အတည်းကို ဖြစ်စေခဲ့တယ်လို့ ရုရှားနဲ့ အမေရိကန် သံတမန်တွေက ပြောပါတယ်။

အမေရိကန်နဲ့ ဥရောပ ခေါင်းဆောင်တွေက ရုရှားစီးပွားရေး တခုလုံးအပေါ် အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူပြီးတဲ့နောက် ရုရှားဟာ ဥရောပနဲ့ အမေရိကန်တို့ကို ကျောခိုင်းပြီး အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ လက်တင်အမေရိကတို့က နိုင်ငံတွေနဲ့ ဆက်ဆံရေးကို မြှင့်တင်ခဲ့ပါတယ်။

ပူတင်ကို ကျူးဘားနိုင်ငံဆီ လာရောက်ဖို့လည်း ကျူးဘားက ဖိတ်ကြားထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024