ထိုင်းအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ တရားမဝင် ဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦး ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရ ထားတဲ့အတွက် ဆန်ခလပူရီအုပ်ချုပ်ရေး၊ နယ်မြေခံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်နဲ့ ကျေးရွာလုံခြုံ ရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်စပ်လမ်းကြောင်းတလျှောက် လုံခြုံရေးစောင့်ကြပ် ခဲ့ကြပါတယ်။
အထူးသဖြင့် တရားမဝင်အလုပ်သမားတွေဟာ နယ်စပ်ကနေလှေနဲ့ ဝင်ရောက်လာပြီး ပွဲစားတွေက ကား ၄ စီးနဲ့ လာကြိုမယ်လို့ သတင်းရတာကြောင့် ဆိပ်ကမ်းတဝိုက်ကိုလည်း စောင့် ကြပ်စစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့မနက် ၁၀ နာရီလောက်မှာတော့ ပလန်မယ်အုပ်စု ကဲန်ပိုက်နေလမ်းဘေးမှာရပ်ထားတဲ့ မသင်္ကာဘွယ် အဖြူရောင် အီဇူစူးကား ၁ စီးကို သွားရောက် စစ်ဆေးရာမှာ အထောက်အထားမဲ့မြန်မာနိုင်ငံသား ၁၃ ဦးကို တွေ့ရှိရပြီး ကလေးတွေပါ ပါလာတယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းကတော့ ထွက်ပြေးသွားသလို နောက်ထပ် သတင်းရတဲ့ ကား ၃ စီးဟာလည်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
ဆန်ခလပူရီမြို့နယ် လက်ထောက်အုပ်ချုပ်ရေးမှူး နိုင့်နာ့ဿ်ဖတ် ငမ်းဆီရီရို့တ်က နယ်မြေထဲမှာ တရားမဝင်မြန်မာနိုင်ငံသားတွေ မကြာခဏဖမ်းဆီးရမိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ တရားမဝင် ဝင်ရောက်လာသူပေါင်း ၁၀၀ ကျော်၊ လမ်းပြ/ပွဲစား ၆ ဦး နဲ့ အသုံးပြုခဲ့တဲ့ မော်တော်ယာဉ်် ၆ စီးကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။