Home
နိုင်ငံတကာ
Google က လူ့ပုံရိပ်ဖန်တီးသည့် AI ကိရိယာကို ပြန်မိတ်ဆက်မည်
DVB
·
February 28, 2024
Google AI_28022024

Google က လူ့ပုံရိပ်တွေကိုဖန်တီးတဲ့ AI ကိရိယာကို လာမယ့်သီတင်းပတ် အနည်းငယ်အတွင်း ပြန်မိတ်ဆက်ဖို့ စီစဉ်နေတယ်လို့ Google DeepMind ရဲ့ အမှုဆောင်အရာရှိချုပ် ဒဲမစ် ဟတ်ဆာဘီစ်က ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။

ဒီကိရိယာကို သမိုင်းဝင်ပန်းချီတွေနဲ့ စကားလုံးတွေကို ဖန်တီးရာမှာ မတိကျတာတွေ တွေ့အပြီး ခဏရပ်ထားခဲ့ရတာပါ။

Alphabet ရဲ့ Google ဟာ သူ့ရဲ့ ဂျမီနိုင်း AI မော်ဒယ်တွေကနေ ရုပ်ပုံထုတ်လုပ်တာကို အခုလအစောပိုင်းမှာ စကမ်းလှမ်းခဲ့တာပါ။

ဒါပေမဲ့ သုံးစွဲသူတချို့က ဒီ tool ဟာ တခါတရံမှာ မမှန်ကန်တဲ့ သမိုင်းဝင်ပုံတွေကို ဖန်တီးတယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ဖော်ပြခဲ့ကြပါတယ်။

ဟတ်ဆာဘီစ်က “ကျနော်တို့ ရည်ရွယ်ထားတဲ့အတိုင်း အလုပ်မဖြစ်ဘူးဆိုတာ သိသာထင်ရှားပါတယ်” လို့ စပိန်နိုင်ငံ ဘာစီလိုနာမြို့က Mobile World ကွန်ဂရက်မှာ ပြောခဲ့ပါတယ်

OpenAI ရဲ့ ChatGPT ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ စမိတ်ဆက်ပြီးကတည်းက Google ဟာ မိုက်ခရိုဆော့ဖ်က ကျောထောက်နောက်ခံပြုထားတဲ့ ကုမ္ပဏီနဲ့ ပြိုင်ဖို့ AI ဆော့ဖ်ဝဲကို ထုတ်လုပ်ရေး အပြိုင်အဆိုင် လုပ်ဆောင်နေပါတယ်။

Google ကတော့ သူ့ရဲ့ မျိုးဆက်သစ် AI chatbot Bard ကို လွန်ခဲ့တဲ့ တနှစ်လောက်က ထုတ်ပြန်ချိန် ပရိုမိုးရှင်းဗီဒီယိုတခုထဲမှာ ကမ္ဘာမြေပြင်က ပုံတွေအကြောင်း မမှန်ကန်တဲ့ အချက်အလက်တွေကို မျှဝေခဲ့ပြီး ရှယ်ယာတန်ဖိုးဟာလည်း ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။

Bard ကို အခုလအစောပိုင်းမှာ Gemini လို့ နာမည်ပြောင်းခဲ့ပါတယ်။ Google က AI မော်ဒယ်ကနေ ပိုကောင်းတဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းအတွက် သုံးစွဲသူတွေ ရွေးနိုင်တဲ့ အခပေး စာရင်းသွင်းမှု အစီအစဉ်တွေကို စတင်ခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013