နော်ဝေဘုရင်ဟာရိုးဟာ မလေးရှားနိုင်ငံဆီ ကိုယ်ရေးကိုယ်တာခရီးစဉ်နဲ့ ရောက်နေတုန်း ရောဂါကူးစက်ခံရလို့ ဆေးရုံတင်ကုသခဲ့ရတယ်လို့ နော်ဝေတော်ဝင်မိသားစုက ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။
အသက် ၈၇ နှစ်အရွယ် ဘုရင်ဟာရိုးဟာ ၁၉၉၁ ခုနှစ်မှာ ဘုရင်ဖြစ်လာခဲ့ပြီး ဥရောပရဲ့ အသက်အကြီးဆုံး ဘုရင်တပါးဖြစ်ပါတယ်။
ဘုရင်ဟာ မလေးရှားမှာ အားလပ်ရက်အတွင်း ဖျားနာခဲ့ပြီး အဲဒီ့မှာ ရောဂါကူးစက်ခံရလို့ ဆေးရုံတင် ထားရပါတယ်။ ဘုရင်ကြီးဟာ မလေးရှားနဲ့ နော်ဝေ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေဆီက ကောင်းမွန်တဲ့ စောင့်ရှောက်မှုကို ခံယူနေပါတယ်လို့ တော်ဝင်နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘုရင်ဟာရိုး ဟာ လတ်တလောနှစ်တွေအတွင်း ရောဂါကူးစက်ခံရလို့ ထပ်ခါတလဲ ဆေးရုံတက် ကုသခဲ့ရပြီး နှလုံး ခွဲစိတ်ကုသခံခဲ့ရပါတယ်။
နော်ဝေနိုင်ငံအတွင်း ဖခင်ဘုရင်ကြီး ခရီးသွားနေချိန် အိမ်ရှေ့မင်းသား ဟိုကွန်းက တိုင်းပြည်ကို ဦးဆောင်နေပါတယ်။
Source/Photo-Reuters