နည်းပြရာထူးနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမရှိကြောင်း မန်ယူအသင်းနည်းပြ အဲရစ်တန်ဟတ်ဂ် က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့တပတ်က ဖူဟမ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ နည်းပြတန်ဟတ်ဂ်အပေါ် ဝေဖန်မှုတွေ ပြန်လည်ထွက်ပေါ်လာခဲ့တာပါ။
အက်ဖ်အေဖလားပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ သူ့ရဲ့ရာထူးနဲ့ ပတ်သက်လို့ စိုးရိမ်စရာ မရှိတဲ့အကြောင်း၊ အသင်းနဲ့ ၃ နှစ်စာချုပ်သက်တမ်းရှိပြီး အသင်းတာဝန်ရှိသူတွေရဲ့ အားပေး ထောက်ခံမှုလည်း ရရှိထားကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
မိမိတဦးတည်းအပေါ် အာရုံစိုက် နေဖို့မလိုအပ်ဘဲ အသင်းရဲ့ အနာဂတ်အပေါ်မှာပဲ အာရုံစိုက်ရမှာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
အန်တိုနီရဲ့ခြေစွမ်း ပြန်ကောင်းလာဖို့နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ဖာနန်ဒက်စ်ပါဝင် နိုင်ဖို့ ရုန်းကန်နေရကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
Photo-Reuters