အကောင်းဆုံးခြေစွမ်းနဲ့ ပြန်လာနိုင်ခဲ့ပြီဖြစ်ကြောင်း မန်စီးတီးတိုက်စစ်မှူး ဟာလန်းကပြောသွား ပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်ညက ကစားခဲ့တဲ့ လူတန်တောင်းအသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ တဦးတည်း ၅ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့ခြေစွမ်း အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ပြီ ဖြစ်ကြောင်း ဟာလန်းက ပြောသွားတာပါ။
ဟာလန်းဟာ ခြေချောင်းရိုး ဒဏ်ရာကြောင့် ဒီဇင်ဘာ ၇ ရက် ကနေ ဖေဖော်ဝါရီ ၁ ရက်အထိ ၂ လနီးပါး အနားယူခဲ့ရတာပါ။
လက်ရှိအချိန်မှာတော့ ကြံ့ခိုင်မှု အပိုင်းပြန်လည် ကောင်းမွန်လာသလို အကောင်းဆုံးခြေစွမ်း ပြန်လာရရှိလာပြီ ဖြစ်ကြောင်း၊ စိတ်လှုပ်ရှားစရာအချိန်တွေ စောင့်ကြိုနေပြီး အတူတကွ တိုက်ခိုက်အနိုင်ယူသွားဖို့ အသင့်ရှိကြောင်း ဟာလန်းကပြောသွားပါတယ်။
မန်စီးတီးဟာ အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ပြန်လည်ကာကွယ်နိုင်ဖို့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။
Photo-Reuters