ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် ရာသီမှာ လီဗာပူးနောက်ခံလူ ရော်ဘတ်ဆန်ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ဘယ်နောက်ခံလူ အယ်ဖွန်ဆိုဒေးဗီးစ်ကို ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခွင့်ပြုဖို့ အကြိုသဘောတူညီခဲ့ပြီးနောက် ရော်ဘတ်ဆန်နဲ့ အစားထိုးဖို့ ဘိုင်ယန်အသင်းက ပစ်မှတ်ထားလာခဲ့တာပါ။
စကော့တလန်အသင်းခေါင်းဆောင်ဟာ ၂၀၁၇ ခုနှစ်ကတည်းက ဟားလ်စီးတီး ကနေ ပေါင် ၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းရဲ့ အောင်မြင်မှုတွေချီတက်ခဲ့ရာ လမ်းကြောင်းမှာ အဓိကနေရာကနေ စွမ်းဆောင်နိုင်ခဲ့သူပါ။
အခုနောက်ပိုင်းနှစ်တွေမှာ ခြေစွမ်း အနည်းငယ် ကျဆင်သွားပြီး အသက်အရွယ် ၃၀ ပြည့်တော့မယ့် အခြေအနေမှာ လီဗာပူးအသင်း ဘက်ကလည်း မက်မောလောက်တဲ့ ကမ်းလှမ်းမှု ရရှိမယ်ဆိုရင် လက်ခံစဉ်းစားနိုင်တယ်လို့သိရပါတယ်။
ရော်ဘတ်ဆန်ဟာ အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး ဘိုင်ယန် အသင်းဘက်က မြင့်မားတဲ့ပြောင်းရွှေ့ကြေးအသုံးပြုကာ ကမ်းလှမ်းသွားရဖို့ရှိပါတယ်။
Photo-Reuters