အရှေ့တောင်အာရှဒေသထဲမှာ အကြီးဆုံးနဲ့ သက်တမ်းအရင့်ဆုံး နှစ်စဉ်ကျင်းပနေတဲ့ နိုင်ငံစုံ စစ်ရေးလေ့ကျင့်ပွဲကို ထိုင်းနိုင်ငံ အရှေ့ပိုင်းမှာ ဖေဖော်ဝါရီ ၂၇ ရက်က တရားဝင် စတင်လိုက်ပါပြီ။
ဒီနှစ်အတွက် ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံ ၃၀ က စစ်သည်အင်အား အယောက် ၉,၀၀၀ နဲ့ မတ်လ ၈ ရက်ထိ ပါဝင်လေ့ကျင့်မှာလို့ တရားဝင် သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လေ့ကျင့်မှုကို တရုတ်စစ်တပ် ကိုယ်စားလှယ်တွေက ပါဝင်လေ့ကျင့်မယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
၁၉၈၂ ခုနှစ်ကစတဲ့ ကော်ဘရာဂိုးလ် စစ်ရေးစွမ်းရည် ပြသပွဲဟာ အာရှ မဟာမိတ်တွေနဲ့ ပေါင်းစည်းရေး အမေရိကန်အတွက် အဓိက အခင်းအကျင်းတရပ်လည်း ဖြစ်ပါတယ်။
Source/Photo-Reuters