ဟန်ဂေရီပါလီမန်ဟာ ဆွီဒင်ကို မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) အဖွဲ့ဝင်အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်က အတည်ပြုခဲ့ပြီး နောဒစ်နိုင်ငံဟာ ၃၂ ခုမြောက် ကာကွယ်ရေးမဟာမိတ်အဖွဲ့ဝင် ဖြစ်လာပါတယ်။
ဟန်ဂေရီပါလီမန်မှာ ဆွီဒင်ကို နေတိုးအဖွဲ့ဝင်အဖြစ် လွှတ်တော်အမတ် ၁၈၈ ဦးက ထောက်ခံခဲ့ပြီး ကန့်ကွက်မဲ ၆ မဲနဲ့ ဆုံးဖြတ်ခဲ့ကာ ကြားနေမဲမရှိပါဘူး။
ဟန်ဂေရီရဲ့ မဲခွဲဆုံးဖြတ်မှုကြောင့် ဆွီဒင်ရဲ့ နေတိုးအဖွဲ့ကိုဝင်ရောက်ဖို့ လပေါင်းများစွာ နှောင့်နှေးနေမှုကို အဆုံးသတ်သွားပြီး ဆွီဒင်ဝန်ကြီးချုပ် အူလ်ဖ် ခရစ္စတာရှုန်းရဲ့ ဖေဖော်ဝါရီ ၂၃ ရက် ခရီးစဉ်အတွင်း နှစ်နိုင်ငံ လက်နက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ရဲ့ အစိုးရဟာ စည်းမျဉ်းဥပဒေတွေနဲ့ စံချိန်စံညွှန်းတွေကို လိုက်နာပြီး ဆွီဒင်ရဲ့ လုံခြုံရေးမူဝါဒ အပြောင်းအလဲကို စည်းစနစ်တကျ ဖြစ်စေဖို့ နေတိုးမဟာမိတ်တွေဆီက ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
နေတိုးအဖွဲ့ကို ဆွီဒင် ဝင်ရောက်ခြင်းဟာ ကမ္ဘာစစ် ၂ ခုကို ဘက်မလိုက်ဘဲ ကြာရှည် ကြားနေ ဖြတ်သန်းခဲ့တဲ့ နော်ဒစ်နိုင်ငံအတွက် သမိုင်းဝင် ခြေလှမ်းတရပ် ဖြစ်ပါတယ်။
Source/Photo-Reuters