Home
မြန်မာသတင်း
မုံရွာရဲအချုပ်ခန်းများတွင် ကလေးအယောက် ၂၀ အပါအဝင် နိုင်ကျဉ်း ၂၀၀ ခန့် လူ့အခွင့်အရေး ချိုး ဖောက်ခံရ
DVB
·
February 27, 2024
mone 2722024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ် (၁) ရဲစခန်း အချုပ်‌ခန်းတွေအတွင်း ဥပဒေမဲ့ ချုပ်နှောင်ခံ ထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက် လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ပြောပါတယ်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားတွေဟာ အချုပ်ခန်းတွေထဲမှာ အချိန် ၁ နှစ်လောက် ကြာ တဲ့အထိ အမှုမဖွင့် တရားရုံးမပို့ပဲ ဥပဒေမဲ့ ချုပ်နှောင်ခံထားရတာဖြစ်ပြီး တခြားရာဇဝတ် မှုတွေနဲ့ စွဲဆိုခံထားရသူ အကျဉ်းသား၊အကျဉ်းသူအရေအတွက်ကတော့ ၁၅၀ လောက် ရှိနေတာပါ။

ဒါ့အပြင် အချုပ်ခန်း ၃ ခန်းအတွင်း ချုပ်နှောင်ခံထားရတဲ့သူတွေထဲမှာတော့ အသက်မ ပြည့်‌သေးတဲ့ကလေးသူငယ် အယောက် ၂၀ ပါဝင်နေတယ်လို့ PPNM ရဲ့ စုံစမ်းမှုအရ သိရပါတယ်။

အမှတ် (၁) ရဲစခန်းအတွင်း အကျဉ်းချခံထားရသူတွေဟာ အကျဉ်းထောင်တွေထဲမှာ ထက် ပိုပြီးတော့ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရပြီး အခြေခံအခွင့်အရေး တွေဖြစ်တဲ့ အသက်ရှင်သန်ပိုင်ခွင့်နဲ့ ညှဉ်းပန်းနှိပ်စက်မှုက ကင်းလွတ်ခွင့်တွေကိုတောင် အာမခံချက်မရှိပဲ စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကျဉ်းကျခံနေရစဉ်အတွင်း အစားအသောက် လုံလောက်စွာ ရရှိခွင့်၊ တစ်လ ကို တစ်ကြိမ် မိသားစုနဲ့ တွေ့ဆုံခွင့်(ဧည့်တွေ့ခွင့်)နဲ့ လုံလောက်တဲ့ ဆေးဝါးစောင့် ရှောက်မှု ရရှိခွင့်တွေပါ ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန် ချက်အရ စစ်အာဏာသိမ်း ၃ နှစ်ကျော် ကာလတွေအတွင်း နိုင်ငံတဝန်း စစ်တပ် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူအယောက် ၄,၆၀၀ နီးပါးထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီကနေ့အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင် တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၁၈၄ ယောက် လက်ရှိ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၈၁၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါ တယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၂၁ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၄ ယောက် ရှိလာခဲ့ ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၆,၀၁၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024