တရုတ်နည်းပညာကုမ္ပဏီ အော်နာဟာ သုံးစွဲသူတွေက သူတို့ရဲ့ဖုန်းစခရင်ကို ကြည့်ရုံနဲ့ သူတို့ရဲ့ကားကို အဝေးကနေဖွင့်ပြီး ရွေ့လျားနိုင်စေမယ့် စမ်းသပ်ဆဲ မျက်စိခြေရာခံ AI လုပ်ဆောင်ချက်ကို ဖေဖော်ဝါရီ ၂၅ ရက်က ပြသခဲ့ပါတယ်။
ဒီကိရိယာကို တရုတ်နိုင်ငံမှာ ရနေပြီဖြစ်ပြီး ကုမ္ပဏီဟာ သူ့ရဲ့ Magic 6 Pro စမတ်ဖုန်း အသစ်ကို တကမ္ဘာလုံးမှာ ဖြန့်ကြက်နိုင်ဖို့ နိုင်ငံရပ်ခြားမှာ စီးပွားဖြစ် ပေါင်းစပ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။
မော်တော်ကားအင်ဂျင်နီယာ ဂျိမ်းစ် ဘရိုက်တွန်က “ဒီနည်းပညာကို အမှန်တကယ်သုံးတာက သုံးစွဲသူတွေအတွက် ဖုန်းနဲ့ အပြန်အလှန် ဆက်သွယ်ဖို့အပြင် တခြားနည်းလမ်းကို အမှန်တကယ် သုံးနိုင်ဖို့ပါပဲ။ ဒါကြောင့် အကြောင်းပြချက်တခုခုကြောင့် ဥပမာ ခင်ဗျားလက်တွေ ညစ်ပတ်နေလို့ပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် ဖုန်းစခရင်ကို မထိချင်ဘူးဆိုရင် ဖုန်းစခရင်ကို ကြည့်ကြည့်လိုက်ပါ။ ဖန်သားပြင်ကနေ ဖုန်းကို နည်းလမ်းသစ်နဲ့ တုံ့ပြန်နိုင်မှာပါ” လို့ ရိုက်တာကို ပြောပါတယ်။
တနင်္ဂနွေနေ့မှာ မီဒီယာအတွက် သရုပ်ပြနေချိန်အတွင်း ကားတစီးကို စပြီးစက်နှိုးဖို့၊ မောင်းဖို့၊ နောက်ပြန်ဆုတ်ဖို့နဲ့ ရပ်တန့်ဖို့ စမတ်ဖုန်းရဲ့ မျက်စိခြေရာခံ AI လုပ်ဆောင်ချက်ကို သုံးခဲ့ပါတယ်။
Source/Photo-Reuters