အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ပြင်သစ်နိုင်ငံကို ရောက်ရှိနေပြီး ဒီခရီးစဉ်အတွင်းမှာ လက်ရှိ မြန်မာနိုင်ငံအတွင်း ပြည်သူလူထုကြုံတွေ့ခံစားနေရတဲ့ ပကတိအခြေအနေမှန်တွေ၊ NUG ရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ဒေါ်ဇင်မာအောင်ကို ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် နန်းဆုမွန်အောင်နဲ့ ရုံးအဖွဲ့က သွားရောက် ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ပြင်သစ်ရောက် မြန်မာနိုင်ငံသားတွေ၊ မြန်မာ့ဒီမိုက ရေစီအရေး အားပေးထောက်ခံသူတွေနဲ့လည်း ရင်းရင်းနှီးနှီး တွေ့ဆုံသွားမယ်လို့ NUG နိုင်ငံခြားရေးဌာနက သတင်းထုတ်ထားပါတယ်။
ဝန်ကြီးရဲ့ ဒီခရီးစဉ်အပေါ် လီယွန်မြို့က မြန်မာမိသားစုဝင်တွေကလည်း ကြိုဆိုကြောင်း ပြသခဲ့ကြပါတယ်။