ပရီးမီးယားလိဂ်ဟာ အဲဗာတန်အသင်းကို ၁၀ မှတ် လျှော့ပြစ်ဒဏ်ကနေ ၆ မှတ်လျှော့ ပြစ်ဒဏ်ပြောင်း လဲချမှတ်ခဲ့ပါတယ်။
အဲဗာတန်အသင်းကို ဘဏ္ဍာရေးစည်းမျဉ်းတွေ ချိုးဖောက်မှုကြောင့် စုံစမ်းစစ်ဆေးပြီးနောက် ၁၀ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး အယူခံတင်သွင်းခဲ့ပြီးနောက်မှာ ၆ မှတ်လျှော့ ပြစ်ဒဏ် ပြောင်းလဲချမှတ်ခဲ့တာပါ။
ဒီပြစ်ဒဏ်ကြောင့် အဲဗာတန်အသင်းက တန်းဆင်းဇုန်ကနေ ပြန်လည်ရုန်းထွက်နိုင်ခဲ့ပြီး အဆင့် ၁၅ မှာ ရပ်တည်ခဲ့ပါတယ်။
အယူခံဘုတ်အဖွဲ့ဘက်ကတော့ ဥပဒေပိုင်းဆိုင်ရာမှာ မှားယွင်းမှုရှိတာကြောင့် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
အဲဗာတန်အသင်းဘက်ကလည်း အယူခံတင်သွင်းမူရလဒ်အပေါ် ကျေနပ်ပြီး ပြစ်ဒဏ်ကနေ လုံးဝကင်းလွတ်ခွင့်ရဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သတင်းထုတ်ပြန်သွားပါတယ်။
တန်းဆင်းဇုန်ပြိုင်ဘက်တွေဖြစ်တဲ့ လူတန်၊ နော်တင်ဟမ်ဖောရက်စ်၊ ဘန်လေနဲ့ ရှက်ဖီးယူနိုက်တက်အသင်းတို့ အတွက်တော့ အဲဗာတန်ကို ပြစ်ဒဏ်လျှော့ပေါ့ခဲ့တာက နစ်နာမှု ဖြစ်ခဲ့ပါတယ်။
Photo-Action Images via Reuters