EFL လိဂ်ဖလား ချန်ပီယံလီဗာပူးအသင်းရဲ့ လူစာရင်းမှာ ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေရဲ့ သား ၃ ယောက် ပါဝင်ကစားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဖေဖော်ဝါရီ ၂၅ ရက်ညက ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ကရာဘောင်လိဂ်ဖလား ဗိုလ်လုပွဲစဉ်မှာ ဗန်ဒိုက်ရဲ့ အချိန်ပိုနောက်ကျဂိုးနဲ့ အနိုင်ရခဲ့ပြီး အကယ်ဒမီကစားသမား ၈ ယောက် အထိ အသင်းလူစာရင်းမှာပါဝင်ခဲ့တာပါ။
အဲဒီ လူငယ်ကြယ်ပွင့် ကစားသမားတွေထဲမှာ ပရီးမီးယားလိဂ်ကစားသမားဟောင်းတွေရဲ့ သားသုံးယောက်လည်း ပါဝင်ခဲ့တာပါ။
ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တဲ့ အသက် ၁၉ နှစ်ရှိ ကွင်းလယ်ကစားသမား ဘော်ဘီ ကလပ်ခ်ဟာ နယူးကာဆယ်၊ ဆန်းဒါးလန်းနဲ့ ဖူဟမ်ကွင်းလယ်ကစားသမားဟောင်း လီးကလပ်ခ်ရဲ့ သားဖြစ်ပါတယ်။
အလားတူ ၈၇ မိနစ်မှာ လူစားဝင်ကစားခဲ့တဲ့ အသက် ၁၈ နှစ်ရှိ တိုက်စစ်မှူး ဂျေဒန် ဒမ်းစ်ဟာလည်း မနှစ်ကမှ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ ပဲလေ့နဲ့ လက်စတာအသင်းတွေမှာကစားခဲ့တဲ့ ကွင်းလယ်လူဟောင်း နေးလ်ဒမ်းစ်ရဲ့ သားဖြစ်ပါတယ်။
နောက်ထပ်ကွင်းလယ်ကြယ်ပွင့် ကူးမက်စ် ဟာလည်း ဝက်စ်ဘရွန်းကစားသမားဟောင်း ဂျက်ဆင်ကူးမက်စ်ရဲ့ သားဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ အကယ်ဒီကစားသမားတွေနဲ့ စုဖွဲ့ မှုအပေါ် အကောင်းဆုံးလူငယ်အစုအဖွဲ့အဖြစ် ဗြိတိန်မီဒီယာတွေက ချီးကျူးဖော်ပြခဲ့ကြ ပါတယ်။
Photo-Reuters