မန်ယူနိုက်တက်အသင်းဟာ တောင်ပံတိုက်စစ်မှူး အန်တိုနီအတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမယ်လို့ သိရပါတယ်။
ဘရာဇီးတောင်ပံတိုက်စစ်မှူးဟာ အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်ပွဲ ၂၀ ကစားခဲ့ပေမဲ့ ဂိုးဖန်တီးမှုနဲ့ သွင်းဂိုးစွမ်းဆောင်နိုင်ခြင်း မရှိသေးတာပါ။
ပြီးခဲ့တဲ့ ၁၈ လက မှ ပေါင် ၈၆ သန်းပေးပြီး ခေါ်ယူခဲ့ပေမဲ့ မျှော်လင့်သလောက် ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့တာပါ။
မန်ယူအသင်းဟာ လက်ရှိ အချိန်မှာတော့ အန်တိုနီအပေါ် စိတ်ရှည်မှု မရှိတော့တာကြောင့် ကမ်းလှမ်းချက်တွေကို လက်ခံစဉ်းစားပြီး ရောင်းချသွားဖို့ စီစဉ်လာခဲ့တာပါ။
နည်းပြတန်ဟတ်ဂ်ဟာလည်း အန်တိုနီရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်မှု မရှိတာကြောင့် လူငယ်ကစားသမားတွေဖြစ်တဲ့ အိုမာရီဖော်ဆန်၊ ဒီယာလိုနဲ့ ဂါနာချိုတို့က ပွဲထွက်ခွင့် ပိုမိုထိုက်တန်ကြောင်း ပြောခဲ့ဖူးပါတယ်။
လတ်တလောမှာတော့ အန်တိုနီကိုခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့အသင်း မရှိသေးဘူးလို့ သိရပါတယ်။
Photo-Reuters