ပွဲထွက်ခွင့် ပြန်လည်ရရှိချင်တယ်ဆိုရင် ခြေစွမ်းတိုးတက်လာဖို့ လိုအပ်ကြောင်း တောင်ပံတိုက်စစ် ကစားသမား ဂျက်ဂရေးလစ်ရှ်ကို နည်းပြ ဂွါဒီယိုလာက တိုက်တွန်းသွားပါတယ်။
ဂရေးလစ်ရှ်ဟာ အခုနှစ်ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲသာ ပွဲထွက်လူစာရင်းမှာပါဝင်ခဲ့တာပါ။ သူဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ခြောက်ပွဲမှာ ခြောက်ပွဲစလုံး အရန်ခုံမှာထိုင်ခဲ့ရပြီး ၂ ပွဲပဲ မိနစ်အနည်းငယ် လူစား ဝင်ကစားခွင့်ရခဲ့ပါတယ်။
ဂရေးလစ်ရှ်အနေနဲ့ ပွဲထွက်ခွင့်ပြန်ရဖို့ဆိုရင် ခြေစွမ်းတိုးတက်လာဖို့ လိုအပ်ပြီး သူဟာ အရင်က ကစားပုံအတိုင်း ကစားနေတဲ့အသင်းမှာ အရင်ကနည်းပြလက်အောက်မှာ ကစားနေ တာဖြစ်တယ်လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။
ဂရေးလစ်ရှ်ဟာ အရည်အသွေးမြင့် ကစားသမားတယောက် ဖြစ်လို့ သူ့ကို အသင်းကလိုအပ်ကြောင်း၊ လက်ကျန် သုံးလတာကာလအတွင်းမှာ ခြေစွမ်းတိုးတက်လာဖို့ မျှော်လင့်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။
Photo-Reuters