Home
နိုင်ငံတကာ
ချက် လယ်သမားများ မြို့တော်ပရက်ဂ်သို့ ချီတက်ဆန္ဒပြ
DVB
·
February 26, 2024
Czech farmers disrupt Prague traffic in anti-EU protest

ချက်သမ္မတနိုင်ငံက ရာနဲ့ချီတဲ့လယ်သမားတွေဟာ ဖေဖော်ဝါရီ ၂၆ ရက်မှာ  မြို့တော်ပရက်ဂ် မြို့လယ်ခေါင်ကို သူတို့ရဲ့ လယ်ထွန်စက်တွေနဲ့ ချီတက်လာခဲ့ကြပြီး စိုက်ပျိုးရေးဝန်ကြီးဌာနရှေ့မှာ ယာဉ် အသွားအလာ အဆင်မပြေအောင် ပိတ်ဆို့ဆန္ဒပြနေကြပါတယ်။

စွမ်းအင်စရိတ်တွေမြင့်တက်လာတာ၊ ကြိုးနီစနစ် ရှုပ်ထွေးတာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းမျဉ်းတွေ တင်းကျပ်လွန်းတာတွေကို မကျေနပ်ကြတဲ့ ချက်နိုင်ငံက လယ်သမားတွေ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ ပိုလန်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အီတလီတို့အပါအဝင် ဥရောပက လယ်သမားတွေဟာ စျေးနှုန်းကျဆင်းတာ၊ ကုန်ကျစရိတ်မြင့်တာ၊ ယူကရိန်းက စျေးပေါတဲ့ပို့ကုန်တွေ ဝင်တာ စတဲ့ကိစ္စတွေကိုမကျေနပ်လို့ လယ်ထွန်စက်တွေနဲ့ မြို့တော်တွေကို ချီတက်ဆန္ဒပြတာ ရေပန်းစားနေပါတယ်။

ချက်လယ်သမားတွေကတော့ နောက်ဆုံး ပူးပေါင်းလာကြသူတွေဖြစ်ပေမဲ့ အဓိက စိုက်ပျိုးရေး သမဂ္ဂတွေက မပူးပေါင်းတဲ့အတွက် တခြားနိုင်ငံတွေလောက် အင်အား မကောင်းတာ တွေ့ရ ပါတယ်။

တနင်္လာနေ့ဆန္ဒပြပွဲမှာ လယ်ထွန်စက်တွေက ပရက်ဂ်မြို့ရဲ့အဓိက လမ်းမကြီးတခုကို ပိတ်ဆို့ထားတဲ့အတွက် လမ်းတွေ ပိတ်ဆို့ကုန် ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024