တိုက်စစ်မှူး အမ်ဘာပေ မပါဝင်တဲ့ပွဲစဉ်တွေနဲ့ အသားကျလာဖို့ လိုအပ်ကြောင်း ပီအက်စ်ဂျီ နည်းပြ လူးဝစ်အင်းနရစ်က ပြောသွားပါတယ်။
အမ်ဘာပေဟာ ဖေဖော်ဝါရီ ၂၅ ရက်ညက ကစားခဲ့တဲ့ ရင်းနက်စ်အသင်းနဲ့ တဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ၆၅ မိနစ်မှာပဲ လူစားလဲခံခဲ့ရပြီး ဂွန်ဇာလိုရာမို့စ်၊ ကိုလိုမူအမ်နီတို့ရဲ့ တိုက်စစ်နဲ့ ရင်းနက်စ်အသင်းကို ရင်ဆိုင်ခဲ့တာပါ။
အမ်ဘာပေ မပါဝင်တဲ့ ပွဲစဉ်တွေနဲ့ အနှေးနဲ့ အမြန် အသားကျဖို့ လိုအပ်ပြီး တခြား ကစားသမားတွေနဲ့လည်း ရလဒ်ကောင်းရရှိအောင် လေ့ကျင့်ပေးနိုင်ဖို့ လိုအပ်ကြောင်း နည်းပြ အင်းနရစ်က ပြောပါတယ်။
အမ်ဘာပေဟာ လာမယ့်ရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိထားတယ်လို့ သတင်းထွက်ပေါ်နေတာပါ။
လာမယ့် ရာသီသစ်မှာ အသင်းရှိ ကစားသမားအားလုံးကို အခွင့်အရေးပေးသွားမှာဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လူစာရင်းဖြစ်အောင် လုပ်ဆောင်မယ်လို့လည်း နည်းပြအင်းနရစ်က ပြောသွားပါတယ်။
Photo-REUTERS/Stephane Mahe