လိဂ်ဖလားအောင်ပွဲက နည်းပြဘဝတလျှောက်မှာ အထူးခြားဆုံးဆုဖလားဖြစ်ကြောင်း လီဗာပူး နည်းပြ ယာဂန်ကလော့ပ်က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ဖေဖော်ဝါရီ ၂၅ ရက်ညက ကစားခဲ့တဲ့ ကရာဘောင်လိဂ်ဖလား ဗိုလ်လုပွဲစဉ်မှာ ချဲလ်ဆီးအသင်းကို ဗန်ဒိုက်ရဲ့ အချိန်ပိုပွဲပြီးခါနီး ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တာပါ။
လီဗာပူးအသင်းမှာ အဓိက ကစားသမား ၁၀ ယောက် မပါဝင်နိုင်ခဲ့ဘဲ အသက် ၂၁ နှစ် အောက်နဲ့ ဆယ်ကျော်သက် ကစားသမားတွေ ပါဝင်ကစားခဲ့ပြီး နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
ဂုဏ်ယူစရာ အောင်မြင်မှုတွေ ရရှိခဲ့ဖူးပေမဲ့ လက်ရှိအချိန်အောင်မြင်မှုက ပိုပြီး ဂုဏ်ယူစရာကောင်းသလို အကယ်ဒမီအသင်းနဲ့ အသင်းဝန်ထမ်းတွေအတွက်လည်း ဂုဏ်ယူစရာဖြစ်ကြောင်း၊ နည်းပြသက်တမ်းတလျှောက် အထူးခြားဆုံးဆုဖလား ဖြစ်ကြောင်း နည်းပြ ကလော့ပ်က ပြောပါတယ်။
နည်းပြကလော့ပ်ဟာ နည်းပြသက်တမ်းတလျှောက် အဓိကဆုဖလား ၁၀ ကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်ပြီး ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
Photo-Reuters