အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ဒေသအချိန် ဖေဖေါ်ဝါရီ ၂၄ ရက်က “ဖက်ဆစ် စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ၊ လူထုအားနဲ့ တိုက်ဖျက်ကြ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ္ဘာလုံးဆိုင်ရာသံပုံးတီး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုမှာ မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှု ကော်မီတီ (မြောက်ပိုင်း ကယ်လီဖိုးနီးယား) ရဲ့ ၁၂၅ ကြိမ်မြောက် မြေပြင်လူထုသပိတ်နဲ့အတူ တိုင်းရင်းသား အင်အားစုတွေ၊ ဗကသများအဖွဲ့ချုပ်(ဆန်ဖရန်စစ္စကို)၊ Save Myanmar၊ Alliance Democracy for Myanmar နဲ့ ကျောင်းသားပြည်သူ ထောက်ပို့အင်အားစုတွေ ပူးပေါင်း ပါဝင် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။