ချဲလ်ဆီးအသင်းသားတွေအနေနဲ့ ဆုဖလား ဆုံးရှုံးရတဲ့ နာကျင်ခံစားမှုရှိဖို့ လိုအပ်ကြောင်း နည်းပြ ပိုချက်တီနိုက ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ ဖေဖော်ဝါရီ ၂၅ ရက်ညက ကစားခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ လီဗာပူးအသင်းကို အချိန်ပို ပွဲပြီးခါနီး ဂိုးနဲ့ ရှုံးနိမ့်ပြီး ဆုဖလားလက်လွှတ်ခဲ့ရတာပါ။
ဆာလာ၊ ဂျိုတာ၊ နူညက်ဇ်နဲ့ အာနိုးလ်တို့လို အဓိက ကစားသမားတွေ မပါဝင်နိုင်ချိန်မှာ နည်းပြ ပိုချက်တီနိုအတွက် အင်္ဂလန်မှာ ပထမဆုံးဆုဖလားရယူဖို့ မျှော်လင့်ချက်ကောင်းမွန်ခဲ့ပေမဲ့ အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။
လီဗာပူးအသင်းဟာလည်း ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ်တွေမှာ ရှုံးနိမ့်ခဲ့တဲ့ နာကျင်ခံစားမှုတွေကြောင့်သာ အခုလို ဆုဖလားတွေ ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ကြောင်း၊ ချဲလ်ဆီး အသင်းအနေနဲ့လည်း အသင်းအပေါ် ယုံကြည်မှုထားရှိပြီး ရှေ့ဆက်သွားဖို့ လိုအပ်ကြောင်း နည်းပြ ပိုချက်တီနိုက ပြောသွားပါတယ်။
Photo-Reuters/Matthew Childs