Home
အားကစား
မန်ယူအသင်း နောက်ထပ် ၅ နှစ်အထိ ချန်ပီယံ မဖြစ်နိုင်ဟု ပေါလ်မာဆင် သုံးသပ်
DVB
·
February 25, 2024
ManU Paul Marson_25022024

မန်ယူအသင်းအနေနဲ့ နောက်ထပ် ၅ နှစ်အထိ ချန်ပီယံမဖြစ်နိုင်ကြောင်း အင်္ဂလန်နဲ့ အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က သုံးသပ်ပြောသွားပါတယ်။

စကိုင်းစပေါ့ရဲ့ ဘောလုံးအစီအစဉ် သုံးသပ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေတဲ့ တိုက်စစ်ကစားသမားဟောင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဖူဟမ်နဲ့ပွဲစဉ်အပြီးမှာ မန်ယူအသင်းရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့တာပါ။

ဖူဟမ်အသင်းကို နောက်ကျဂိုးနဲ့ ရှုံးနိမ့်ခဲ့တာက မန်ယူအသင်းသားတွေအနေနဲ့ဆိုရင် အံ့အားသင့်စရာ ဖြစ်ပေမဲ့ သူ့အတွက်တော့ အံ့အားသင့်စရာမဟုတ်ကြောင်း ပေါလ်မာဆင်က ပြောပါတယ်။

မန်ယူအသင်းအနေနဲ့ နောက်ထပ် ၅ နှစ်အထိ ချန်ပီယံ ဖြစ်နိုင်တဲ့အခွင့်အရေး မရှိကြောင်း၊ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်တဲ့ နည်းပြရှိ လာခဲ့ရင်လည်း ဘယ်လို နည်းပြပဲဖြစ်ဖြစ် Sir ဘွဲ့ ပေးသင့်ကြောင်း ပေါလ်မာဆန်က ပြောပါတယ်။

ယူနိုက်တက်အသင်းရဲ့ လက်ရှိ စွမ်းဆောင်ရည်ဆိုးရွားနေမှုအပေါ် စကားလုံးနဲ့ ဖော်ပြလို့ မရနိုင်ကြောင်းနဲ့ အဆင့် ၄ အတွင်းဝင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ကြောင်း ပေါလ်မာဆင်က ဝေဖန်သွားခဲ့ပါတယ်။ 

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024