အဆင့်တစ်နေရာက လီဗာကူဆင်အသင်းကို ဖိအားပေးသွားမယ်လို့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက ပြောပါတယ်။
ဘိုင်ယန်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ လိုက်ပ်ဇစ်အသင်းနဲ့ ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပွဲပြန်ရခဲ့ပြီး ဟယ်ရီကိန်းက နောက်ကျအနိုင်ဂိုး သွင်းပေးခဲ့တာပါ။
လက်ကျန်ပွဲစဉ် ၁၁ ပွဲအလိုမှာ ၈ မှတ်ကွာဟနေပေမဲ့ လက်ရှိခြေစွမ်းကို ဆက်ထိန်းပြီး ပြိုင်ဘက် လီဗာကူဆင်ကို ဖိအားပေးသွားမှာဖြစ်ကြောင်း ဟယ်ရီကိန်းက ပြောပါတယ်။
ကိန်းဟာ လိုက်ပ်ဇစ်နဲ့ပွဲမှာ ဘွန်ဒက်စ်လီဂါ ၂၇ ဂိုး မြောက်ဂိုးသွင်းခဲ့ပြီး ပြိုင်ပွဲစုံမှာ ၃၁ ဂိုး သွင်းထားပါတယ်။
ဘယ်တော့မှ အရှုံးမပေးဘဲ ကြိုးစားမှုကို ရပ်တန့်သွားမှာမဟုတ်ကြောင်း ဟယ်ရီကိန်းက လိုက်ပ်ဇစ်နဲ့ပွဲအပြီးမှာ ပြောသွားပါတယ်။
Photo-Reuters