Home
နိုင်ငံတကာ
ပါရီ လယ်ယာပြပွဲကို ပြင်သစ်လယ်သမားများ ဝင်ရောက်စီးနင်း 
DVB
·
February 25, 2024
Farmers protest during the opening of Paris International Agricultural Show

ပြင်သစ်နိုင်ငံမှာ ကုန်ကျစရိတ်တွေ၊ ကြိုးနီစနစ်နဲ့ အစိမ်းရောင်စည်းမျဉ်းလို့ ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးတဲ့ စွမ်းအင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအပေါ် ဒေါသထွက်နေကြတဲ့ လယ်သမားအုပ်စုဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ  သမ္မတ အီမန်နျူယယ် မက်ခွန်း တက်ရောက်ဖို့ စီစဉ်ထားတဲ့ အဓိက ပါရီလယ်ယာပြပွဲကို ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။

ကုန်စည်ပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာကို ရင်ဆိုင်နေရင်း လယ်သမားတွေဟာ သံသေးသံကြောင်တွေလည်း အော်ဟစ်ပြီးတော့ မက်ခွန်းကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုကြကာ ပြင်သစ်ခေါင်းဆောင်ကို ရည်ရွယ်ကျိန်စာတိုက်တဲ့ အသုံးအနှုန်းတွေလည်း ပြောဆိုခဲ့ကြပါတယ်။

အဲဒီအချိန်မှာ မက်ခွန်းဟာ ပြင်သစ်လယ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့အတူ မနက်စာ စားနေတာဖြစ်ပြီး နောက်ပိုင်းမှာ ကုန်စည်ပြပွဲရဲ့ လမ်းကြားတွေအတွင်း လမ်းလျှောက်ဖို့ စီစဉ်ထားတာပါ။

မက်ခွန်းဟာ စနေနေ့ လယ်ယာပြပွဲမှာ လယ်သမားတွေ၊ စားနပ်ရိက္ခာ ထုတ်လုပ်ရောင်းချသူတွေ၊ လက်လီရောင်းချသူတွေနဲ့ စကားစစ်ထိုးပွဲ ကျင်းပချင်ခဲ့ပေမယ့် သူတို့တွေ လာမှာမဟုတ်ကြောင်း လယ်သမားသမဂ္ဂတွေက ပြောခဲ့ပြီးနောက်မှာတော့ စကားစစ်ထိုးပွဲကို ဖျက်သိမ်းခဲ့ပါတယ်။

ဥရောပတလွှားမှာ လယ်သမားတွေ ဆန္ဒပြနေကြတာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ ဝင်ငွေနဲ့ အစိုးရဗြူရိုကရေစီစနစ် လျှော့ချဖို့ တောင်းဆိုကြပါတယ်။

ကိယက်ဗ်ရဲ့  စစ်ပွဲကို ကူညီဖို့အတွက်ဆိုပြီး စျေးပေါတဲ့ ယူကရိန်းကုန်ပစ္စည်းတွေ တင်သွင်းခြင်းတွေကို တရားမျှတမှုမရှိတဲ့ ယှဉ်ပြိုင်မှုအဖြစ် ရှုတ်ချကြပါတယ်။

ပါရီ လယ်ယာပြပွဲဟာ ပြင်သစ်မှာ အဓိက ပွဲအခမ်းအနားတခုဖြစ်ပြီး ၉ ရက်အတွင်း ဧည့်သည် ၆ သိန်းလောက်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ 

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024