မန်ယူအသင်းကို ပြုပြင်ပြောင်းလဲနိုင်ဖို့ အချိန် ၂ နှစ်၊ ၃ နှစ် ရယူမှာဖြစ်ကြောင်း အသင်းပိုင်ရှင်သစ်တဦးဖြစ်တဲ့ ဆာဂျင်ရတ်ကလစ်ဖ်က ပြောပါတယ်။
ဗြိတိန် ဘီလျံနာတဦးဖြစ်တဲ့ ရတ်ကလပ်ဖ်ဟာ မန်ယူအသင်းရဲ့ ရှယ်ယာ ၂၇ ဒသမ ၇ ရာခိုင်နှုန်းကို ဝယ်ယူပြီးနောက် အသင်းရဲ့ စီမံခန့်ခွဲမှုတွေအားလုံးကို လွှဲပြောင်းလုပ်ဆောင်ခွင့် ရရှိခဲ့တာပါ။
ရေတိုအတွက် ငွေကြေးသန်းပေါင်းများစွာ လုပ်ဆောင်တိုင်း မအောင်မြင်ဘူးဆိုတာကို သာဓကများစွာ ရှိခဲ့ပြီဖြစ်ကြောင်း၊ အသင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် အချိန် ၂ နှစ် ၃ နှစ် ယူရမှာဖြစ်ကြောင်း ဆာဂျင်ရတ်ကလစ်ဖ်က ပြောပါတယ်။
မန်ယူအသင်းအိမ်ကွင်းဖြစ်တဲ့ အိုးထရတ်ဖို့ဒ်ကွင်းကို ပရိသတ် ၈၀,၀၀၀ ၊ ၉၀,၀၀၀ ဆံ့တဲ့ ကွင်းအဖြစ်တိုးချဲ့မယ်ဆိုရင် ပေါင် တစ်ဘီလီယံလောက် ကုန်ကျနိုင်ကြောင်း သူက ပြောပါတယ်။
ဒါ့အပြင် မတူညီတဲ့အမြင်တခုအနေနဲ့ အိုးထရတ်ဖို့ဒ်ကွင်းအနီးမှာ ပရိသတ် ၇၄၀၀၀ ဆံ့ ကွင်းသစ် တည်ဆောင်ဖို့လည်း စဉ်းစားနိုင်ကြောင်း ရတ်ကလစ်ဖ်က ပြောသွားပါတယ်။
Photo-Reuters