ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းကို ခေါ်ယူဖို့ ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းချက်ကို မန်စီးတီး အသင်းကလက်ခံ ရရှိထားပါတယ်။
ဘယ်လ်ဂျီယံကွင်းလယ်ကစားသမားဟာ လာမယ့် ဘောလုံးရာသီသစ် ပြီးဆုံးချိန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပါ။
လက်ရှိအချိန်အထိ ဆွေးနွေးမှုမရှိသေးတာကြောင့် မန်စီးတီးအသင်းက မက်လောက်စရာ ပြောင်းရွှေ့ကြေးရခဲ့မယ်ဆိုရင် လက်လွှတ်နိုင်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။
ဒီဘရိုင်းကို ဆော်ဒီပြည်သူ့ရင်နှီးမြှပ်နှံမှုအဖွဲ့ပိုင် အသင်းတွေဖြစ်တဲ့ အယ်လ်တီဟတ်၊ အယ်လ်အာလီ၊ အယ်လ်နာဆာနဲ့ အယ်လ်ဟီလယ်အသင်းတွေက ခေါ်ယူလို နေတာပါ။
အသက် ၃၂ နှစ်ရှိ ဒီဘရိုင်းဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီးနောက် မန်စီးတီးအသင်းရဲ့ နိုင်ပွဲတွေမှာ အကောင်းဆုံးကူညီပေးနိုင်ခဲ့ပြီး အရေးပါတဲ့ ကစားသမားအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
မန်စီးတီးဟာ မနှစ်ကရာသီမှာ တောင်ပံကစားသမားမာရက်ဇ်နဲ့ လာပေါ့သ်တို့ကို ဆော်ဒီကလပ်တွေဆီ ရောင်းချခဲ့ပြီး ပေါင် ၅၄ သန်း ရရှိခဲ့ပါတယ်။
Photo-Reuters