ကြွက်သားဒဏ်ရာကြောင့် သုံးပတ်ကြာအနားယူရဖို့ရှိတဲ့ မန်ယူတိုက်စစ်မှူး ဟွိုက်လန်းဟာလာမယ့် တပတ်မှာကစားရမယ့် မန်ချက်စတာဒါဘီကိုလည်း လွဲချော်တော့မှာပါ။
နောက်ဆုံး ၆ ပွဲဆက်တိုက် ဂိုးသွင်းယူပြီး ခြေစွမ်းပြနေတဲ့ ဟွိုက်လန်းအနားယူရမှာက မန်ယူအသင်းအတွက် သတင်းဆိုးဖြစ်ခဲ့တာပါ။
မန်ယူအသင်းဟာအဆင့်လေးအတွင်း ဝင်ရောက်နိုင်ရေး အရေးပါတဲ့ပွဲစဉ်တွေအဖြစ် ဖူဟမ်၊ မန်စီးတီး၊ အဲဗာတန်အသင်းတွေနဲ့ ကစားရဖို့ရှိသလို နော်တင်ဟမ်ဖောရက်စ်နဲ့ အက်ဖ်အေဖလားပွဲစဉ်လည်း ရှိနေတာပါ။
မန်ယူအသင်းဘက်ကတော့ ကြွက်သားဒဏ်ရာကြောင့် ဖူဟမ်နဲ့ ပွဲကို ဟွိုက်လန်း လွဲချော်မှာဖြစ်ပြီး ၂ ပတ်၊ ၃ ပတ်လောက် အနားယူရမှာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
မန်ယူအသင်းမှာ နောက်ခံလူတွေဖြစ်ကြတဲ့ မာတီနက်ဇ်၊ လုခ်ရှောနဲ့ မာစီယယ်တို့ဟာလည်း ဒဏ်ရာပြဿနာတွေကြောင့် အနားယူနေရပါတယ်။
Photo-Reuters