Home
မြန်မာသတင်း
မောင်တောမြို့နယ်ရှိ ရန်အောင်ပြင်ကင်းစခန်းကို အေအေ အပြီးသတ်သိမ်းပိုက်
DVB
·
February 24, 2024
maung 2422024

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ရန်အောင်ပြင်ကင်းစခန်းကို   အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း  ရက္ခိုင့်တပ်တော်(အေအေ) က သတင်းထုတ်ပြန်ပါတယ်။

ရန်အောင်ပြင် ကင်းစခန်းကို ဖေဖော်ဝါရီ ၂၃ ရက် မနက် ၇ နာရီကျော်ကနေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှဦ မွန်းလွဲ  ၁၂ နာရီ  ကျော်မှာ စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး  အနီးနားက လက်ကျန်စခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ဆိုပါတယ်။

ရန်အောင်ပြင် ကင်းစခန်းတိုက်ခိုက်သိမ်းပိုက်စဉ်  စစ်ကောင်စီဘက်က ဘယ်နှယောက် ထိခိုက် သေဆုံး ဒဏ်ရာရတာရှိလဲဆိုတာတော့ မသိရသေးပါဘူး။

ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြားမြို့တွေက  လက်နက်ချ အညံ့မခံတဲ့ စစ်ကောင်စီစစ်စခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းလည်း  အေအေ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် မင်းပြားမြို့က တခုတည်းသော  စစ်ကောင်စီရဲ့လက်ကျန်စခန်းဖြစ်တဲ့ ကမ်းနီရွာနားက  အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကိုလည်း အေအေက ၆ ရက်မြောက် ထိုးစစ်နေ့ အဖြစ် မနေ့က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

ရမ်းဗြဲမြို့ကိုတော့ အရင်နေ့တွေလိုပဲ စစ်ကောင်စီဘက်က လေကြောင်းကနေ မနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံနဲ့ တောင်ပြို အပြင် ချင်းပြည်နယ် ပလက်ဝမြို့ ကိုလည်း  သိမ်းယူရရှိထား ပါတယ်။

Photo-AA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024