အင်္ဂလန်ဘောလုံးလောကမှာ ပထမဆုံးဆုဖလားရယူနိုင်ဖို့က အိပ်မက်တခုဖြစ်ကြောင်း ချဲလ်ဆီး နည်းပြပိုချက်တီက ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းနဲ့ ကရာဘောင် လိဂ်ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်သွားရမှာပါ။
ဒီဖလားရယူနိုင်မယ်ဆိုရင် နည်းပြပို ချက်တီနိုအတွက် အင်္ဂလန်မှာ ရရှိတဲ့ ပထမဆုံး ဆုဖလားဖြစ်လာမှာပါ။
ကစားသမားတွေနဲ့ အသင်းနည်းပြအဖွဲ့အတွက် ကြီးမားတဲ့ အခွင့်အရေးတခုဖြစ်ပြီး ဆုဖလားရယူနိုင်ဖို့က အိပ်မက် တခုဖြစ်ကြောင်း ပိုချက်တီနိုက ပြောပါတယ်။
ကစားသမားအများစုအတွက် ပထမဆုံး ဗိုလ်လုပွဲဖြစ်နေလို့ လီဗာပူးအသင်းက ပိုမိုရေပန်းစားတဲ့ အသင်းဖြစ်ပြီး ချန်ပီယံဖြစ်ဖို့ အခွင့်အရေးဆတူရှိနေကြောင်း ပိုချက်တီနိုက ပြောပါတယ်။
ဝင်ဘလေကွင်းမှာကစားမယ့် ချဲလ်ဆီးနဲ့ လီဗာပူးတို့ရဲ့ လိဂ်ဖလားဗိုလ်လုပွဲကို ဒီတပတ်တနင်္ဂနွေနေ့ ည ၉ နာရီခွဲမှာ ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။
Photo-Reuters