ယူကရိန်းကို ရုရှားကျူးကျော်မှု ဒုတိယနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အမေရိကန်က ဖေဖော်ဝါရီ ၂၃ ရက်မှာ ပစ်မှတ် ၅၀၀ ကျော်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်မှာဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဝေါလီအဒေးယယ်မိုက ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်လ်ညီ သေဆုံးမှုနဲ့ပတ်သက်ပြီး ရုရှားကို တာဝန်ခံစေဖို့ ဝါရှင်တန်က ကြိုးစားနေတာကြောင့် တခြားနိုင်ငံတွေနဲ့ ပူးပေါင်လုပ်ဆောင်ခဲ့တဲ့ ဒီအရေးယူမှုဟာ ရုရှားရဲ့ လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာကွန်ရက် အပြင် ရုရှားလိုချင်သမျှ ကုန်ပစ္စည်းတွေ ရရှိဖို့ လွယ်ကူချောမွေ့အောင် ကူညီပေးတဲ့ တတိယနိုင်ငံက ကုမ္ပဏီတွေကိုလည်း ပစ်မှတ်ထားမှာဖြစ်ကြောင်း အဒေးယယ်မိုက ပြောပါတယ်။
ရာနဲ့ချီတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်က ထုတ်ပြန်မယ် ဆိုတာဟာ နောက်ပြန်ဆုတ်ဖို့နဲ့ ဒီလုပ်ရပ်တွေကို အမေရိကန်က လုပ်နေတာ မဟုတ်ဘူး ဆိုတာကို သတိရနေဖို့ အရေးကြီးတယ်လို့ အဒေးယယ်မိုက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
ဒီပိတ်ဆို့အရေးယူမှုဟာ ရုရှားနိုင်ငံအနေနဲ့ လက်နက်တည်ဆောက်ဖို့ လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို လက်လှမ်းမမီနိုင်စေဖို့နဲ့ ရုရှားရဲ့ စီးပွားရေးကို မြှင့်တင်ပြီး လက်နက်တွေ တည်ဆောက်ဖို့ လိုအပ်တဲ့ဝင်ငွေကို ရုရှားတွေဆီ အရောက်နှေးကွေးစေဖို့ ရည်ရွယ်ထားကြောင်းလည်း သူကဆိုပါတယ်။
ဒီအစီအစဉ်ဟာ ရုရှားရဲ့ ၂၀၂၂ ခုနှစ် ယူကရိန်းကျူးကျော်စစ်အပြီးမှာ အမေရိကန်နဲ့ သူ့မဟာမိတ်တွေက ကြေညာထားတဲ့ မော်စကိုကို ပစ်မှတ်ထားပြီး ထောင်နဲ့ချီတဲ့ ပိတ်ဆို့အရေးယူမှုတွေရဲ့ နောက်ဆုံးလုပ်ဆောင်တဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။
Source/Photo-Reuters