ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးပစ်မှတ်တွေကို ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရက္ခိုင့်တပ်တော် (အေအေ) အနေနဲ့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို ဖေဖော်ဝါရီ ၂၂ ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း အေအေက ထုတ်ပြန်ပါတယ်။
တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က ဘယ်နှယောက် ထိခိုက် သေဆုံး ဒဏ်ရာရတာရှိလိဆိုတာ မသိရသေးသလို ပုဏ္ဏားကျွန်းမြိုမရဲစခန်း သိမ်းပိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမတွေ့ရသေးပါဘူး။
ပုဏ္ဏားကျွန်းမြို့အပြင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့တွေက လက်နက်ချအညံ့မခံတဲ့ စစ်ကောင်စီရဲ့ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်တွေကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရယူဖို့ ထိုးစစ်တွေ ဆက်တိုက် ဆင်နွှဲနေတယ်လို့လည်း ဆိုပါတယ်။
စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့တွေမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ မြို့၊ ရွာ၊ လူနေအိမ်တွေအတွင်းကို ရမ်းသန်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အေအေ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ရမ်းဗြဲမြို့ကိုလည်း ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ ပါတယ်။