ဗင်နီဇွဲလားနိုင်ငံ တောင်ပိုင်းမှာ တရားမဝင် ရွှေမိုင်းတွင်းတခု မြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကရာကာ့စ်ရဲ့ အနောက်တောင်ဘက် ၇၇၀ ကီလိုမီတာအကွာရှိ ဘိုလီဗာပြည်နယ်မှ အန်ဂိုစတူရာ မြူနီစီပယ်ရဲ့ ကျေးလက်ဒေသက လာဘူလာ လိုကာ မိုင်းတွင်းမှာ ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက မိုင်းတွင်းလုပ်သားတစု မတော်တဆမှုတခု ဖြစ်ပွားခဲ့တယ်လို့ အာဏာရ PSUV ပါတီမှ အုပ်ချုပ်ရေးမှူး အန်ဂျယ်လ် မာရ်ကာနိုက သတင်းထောက်တွေကို ပြောပါတယ်။
မိုင်းလုပ်သားတွေဟာ သတ္တုတွင်းဘက်ကို သွားရောက်ခဲ့ပြီး အဲဒီမှာ မြေပြိုကျပြီး ပိတ်မိသွားတာလို့ ဆိုပါတယ်။
တန်နဲ့ချီတဲ့ မြေကြီးနဲ့ ကျောက်တုံးတွေ အများအပြား ပြိုကျခဲ့တာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
ခုတော့ သူတို့ဟာ လာပရာဂွါမှာ ရောက်ရှိနေပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့လည်း ဘိုလီဗာပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အထောက်အထားမဲ့သူတွေ အများစုဖြစ်တဲ့ ထောင်နဲ့ချီတဲ့ မိုင်းတွင်းလုပ်သားတွေဟာ ပြည်နယ်အစိုးရ ခွင့်ပြုသိရှိထားခြင်းမရှိဘဲ ဒေသတွင်းရှိ မိုင်းတွင်းနေရာတွေမှာ တွင်းထွက်သတ္တု ထုတ်ယူတာတွေကို လုပ်ဆောင်ကြပြီး အဲဒီဒေသမှာ မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့ သတ္တုတွင်းလုပ်သားတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက မှတ်ချက်ပြုထားပါတယ်။
Source/Photo-Reuters