ပေါ်တိုအသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပေမဲ့ ပထမပိုင်းပြီးဆုံးခြင်းသာဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။
ဥရောပချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ ပေါ်တိုကို အဝေးကွင်းမှာ ပွဲပြီးခါနီး ပေးဂိုးကြောင့် ၁ ဂိုး ဂိုး မရှိနဲ့ အာဆင်နယ်အသင်း ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အိမ်ကွင်းပွဲစဉ် ဆက်လက်ကစားဖို့ရှိသေးကြောင်း နည်းပြ အာတီတာက ပြောတာပါ။
အာဆင်နယ်အသင်းအနေနဲ့ ပေါ်တိုအသင်းကို ခြိမ်းခြောက်နိုင်မှုနည်းပါးခဲ့ပေမဲ့ ဒုတိယ အကျော့မှာ ပိုကောင်းအောင် လုပ်ဆောင်နိုင်စွမ်းရှိကြောင်း နည်းပြ အာတီတာက ပြောပါတယ်။
ပေါ်တိုအသင်းနဲ့ပွဲမှာ အတွေ့အကြုံသင်ခန်းစာတွေလည်း ရရှိခဲ့ပြီး ပြိုင်ဘက်အသင်းအကြောင်း ကိုလည်း ပိုမိုသိရှိသွားပြီဖြစ်တာကြောင့် ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာ ပိုကောင်းအောင် လုပ်ဆောင်နိုင်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ပေါ်တိုအသင်းကို ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းအထိ အသာရခဲ့ပေမဲ့ ဂိုးပေါက်ခြိမ်း ခြောက်နိုင်မှု ၇ ကြိမ်ပဲရှိခဲ့ပြီး ဂိုးပေါက်တည့်တဲ့ ကန်ချက်မရှိခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters