အာဖဂန်နစ္စတန်နိုင်ငံအရှေ့ဘက်ရှိ နူရ်ဂါရမ်ပြည်နယ်မှာ မိုကာနီကျေးရွာတလျှောက် နှင်းတွေ ထူထူထပ်ထပ် ကျဆင်းရွာသွန်းမှုကြောင့် မြေပြိုကျခဲ့ပြီးတော့ ဖေဖော်ဝါရီ ၁၈ ရက် ညက အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြကြောင်း ဒေသခံ တာဝန်ရှိသူတဦးက ပြောပါတယ်။
နေအိမ် ၂၅ လုံးလောက် ပျက်စီးဆုံးရှုံးခဲ့ကြောင်း နူရစ္စတန် ပြည်နယ်ရဲ့ သတင်းအချက်အလက်နဲ့ ယဉ်ကျေးမှုဌာနအကြီးအကဲ ဆာမိ အလ်ဟက်ဘာယန်က ပြောကြားခဲ့ပြီး အပျက်အစီးတွေ အောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ အရေးပေါ်အဖွဲ့တွေကို စေလွှတ်ထားကြောင်း ရိုက်တာကို ပြောပါတယ်။
ရိုက်တာသတင်းထဲမှာတော့ မြေပြိုမှုအောက်မှာ နှင်းဖုံးနေတဲ့ နေအိမ်တွေ နစ်မြုပ်နေပြီး အလောင်းတလောင်းကို သယ်ဆောင်လာတဲ့ ရွာသားတွေကိုလည်း မြင်တွေ့ရပါတယ်။
Source/Photo-Reuters