စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနဲ့ The Way ရုပ်ရှင် ပြသပွဲ ပြုလုပ်ခဲ့တယ်လို့ ရွှေဗန့်ဂျီ သပိတ်စစ်ကြောင်းထံကသိရပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညပိုင်းအချိန်မှာ ဆားလင်းကြီးမြို့နယ် တောင်ဘက်ခြမ်းက ကျေးရွာ တစ်ရွာမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရွှေဗန့်ဂျီ သပိတ်စစ်ကြောင်း တာဝန်ရှိသူက“ဆားလင်းကြီးတောင်ဘက်ခြမ်းကရွာပေါ့ လုံခြုံရေးကြောင့် ရွာနာမည်တော့ မဖော်ပြဘူး၊ အခမ်းအနားမှာ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး ဝေမျှခြင်း၊ The Way တော်လှန်ရေးရုပ်ရှင်ပြသခြင်း၊ စစ်မှုထမ်းဥပဒေနဲ့ ပတ်သတ်တဲ့ ပြည်သူတွေသိသင့်တာတွေကိုလည်း ပြောပြခဲ့ပါတယ်” လို့ ပြောပါတယ်။
အစီအစဉ်တွေကို ရွှေဗန့်ဂျီသပိတ်စစ်ကြောင်း၊ မုံရွာတက္ကသိုလ်ကျောင်းသားများသမ္မဂ၊ ဆားလင်းကြီးမြို့နယ် လူသားစာနာတာဝန်ခံတို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။