ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ဟင်းခရော်ကျေးရွာနားက စစ်ကောင်စီတပ်စခန်းတွေကို စစ်သားတွေက ဖေဖော်ဝါရီ ၁၈ ရက် ဒီနေ့ ညနေပိုင်းမှာ မီးရှို့ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဆီ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
ပြီးတော့ စစ်သားတွေဟာ ရဟတ်ယာဉ်တွေနဲ့ အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဆီကို တိမ်းရှောင်ထွက်ပြေးသွားခဲ့ကြတယ်လို့ဆိုပြီး လက်ရှိအချိန်မှာ စခန်းတွေဟာ မီးလောင်နေတုန်းလို့ ဖေဖော်ဝါရီ ၁၈ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့က စစ်ကောင်စီ တပ်သားတွေအားလုံး အမ်းမြို့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဆီကို တိမ်းရှောင် ထွက်ပြေးသွားခဲ့ကြပြီးနောက် အဲဘက်ကိုသွားရာလမ်းက တံတား ၂ စင်းကို မိုင်းခွဲ ဖျက်ဆီးခဲ့ပါတယ်။